ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ဆုများကို ဆာလာ၊ ဟောက်တန်နှင့် ဝမ်ယာမာတို့ ဆွတ်ခူး

ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ဆုများကို ဆာလာ၊ ဟောက်တန်နှင့် ဝမ်ယာမာတို့ ဆွတ်ခူး
Published 10 March 2018

ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆုများကို ဆာလာ၊ ခရစ္စဟောက်တန်နှင့် ဝမ်ယာမာ တို့ ဆွတ်ခူးရရှိခဲ့ကြောင်းသိရသည်။ လီဗာပူးလ်အသင်း၏ အီဂျစ်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ဆာလာသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလအတွင်းက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲများဖြစ်သည့် စပါး၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့နှင့်
ပွဲများတွင် လီဗာပူးလ်အသင်းအတွက် (၄)ဂိုးသွင်းယူခဲ့သည်။

 

ဘရိုက်တန်အသင်းနည်းပြခရစ္စဟောက်တန်မှာ ဖေဖော်ဝါရီလအတွင်းက ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲများတွင် ဝက်စ်ဟမ်း၊ ဆွမ်ဆီးတို့ကို အနိုင်ကစားကာ စတုတ်စီးတီးနှင့် သရေကျခဲ့ပြီး ဖြစ်နိုင်ခြေရှိသည့် (၉)မှတ်မှ (၇)မှတ်အထိ ရယူနိုင်ခဲ့သဖြင့် ဖေဖော်ဝါရီ လအတွက် ပရီးမီးယားလိဂ်အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ၏ အကောင်းဆုံးသွင်းဂိုးဆုကို လီဗာပူးလ် နှင့် (၂)ဂိုးစီသရေကျခဲ့သောပွဲတွင် စပါးအသင်းအတွက် ချေပဂိုးအား လှလှပပသွင်းယူခဲ့သည့် ကွင်းလယ်လူ ဝမ်ယာမာက ဆွတ်ခူးခဲ့ကြောင်းသိရသည်။

Most Read

Most Recent