စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ရှိလိုသော်လည်း အထုပ်အပိုးပြင်ထားသည်ဟု ကွန်တီ ဆို

စာချုပ်သက်တမ်းကုန်ဆုံးသည်အထိ ရှိလိုသော်လည်း အထုပ်အပိုးပြင်ထားသည်ဟု ကွန်တီ ဆို
Published 22 February 2018

 

Photo: Printest

 

ချယ်လ်ဆီးအသင်းနည်းပြ ကွန်တီက သူ၏စာချုပ်သက်တမ်းကုန်ဆုံးမည့် ၂၀၁၉ ခုနှစ်အထိ ချယ်လ်ဆီးအသင်းတွင် ရှိနေလိုကြောင်း ပြောကြားခဲ့သည်။ သို့သော် မိမိတို့နည်းပြများအနေဖြင့် ရလဒ်ဆိုးများကြုံတွေ့ပါက မိမိရာထူးနေရာမှာ မတည်မြဲသည်ကို သိရှိထားကြောင်း ယင်းအတွက် အထုပ်အပိုး အသင့်ပြင်ထားကြောင်းလည်း ပြောကြားခဲ့သည်။

"ကျွန်တော်ပြောတာ ရှင်းပါတယ်။ ကျွန်တော့်စာချုပ်ဟာ ၂၀၁၉ ခုနှစ်အထိပါ။ ဒါကို ကျွန်တော် လေးစားရပါမယ်။ ဒါပေမဲ့ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ကျွန်တော် ချယ်လ်ဆီးမှာ ပျော်ပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံး(အသင်းကိုရည်ညွှန်းသည်)ပျော်ရွှင်နေဖို့လိုပါတယ်။ ကျွန်တော်တို့အလုပ်ရဲ့အနေအထားအရ ကျွန်တော်တို့နည်းပြတွေဟာ အမြဲတမ်း အထုပ်အပိုးပြင်ထားရပါတယ်" ဟု ကွန်တီက ပြောကြားခဲ့သည်။

Most Read

Most Recent