၂၀၁၇ ခုနှစ် Ballon d'Or ဆုပေးပွဲ ယနေ့ည ကျင်းပမည်

၂၀၁၇ ခုနှစ် Ballon d'Or ဆုပေးပွဲ ယနေ့ည ကျင်းပမည်
Published 7 December 2017

Photo: Marca

ဥရောပအကောင်းဆုံးဘောလုံးသမားဆုဟု ထင်ရှားသည့် Ballon d'Or ဆုပေးပွဲကို ပြင်သစ်နိုင်ငံတွင် ယနေ့ည ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ယင်းဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကြီးမှူး၍ ချီးမြှင့်ခြင်းဖြစ်ပြီး ကမ္ဘာတစ်လွှားမှ ဘောလုံးဂျာနယ်လစ် (၁၇၃)ဦးက မဲပေးရွေးချယ်ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

ပြင်သစ်ဘောလုံးမဂ္ဂဇင်းသည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အတွင်း ဖီဖာနှင့် ပူးပေါင်းကာ FIFA Ballon d'Or ဟူသည့်အမည်ဖြင့် ချီးမြှင့်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစ၍ သီးခြားပြန်လည်ချီးမြှင့်ခဲ့သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက (၅)ကြိမ်ရယူကာ ဦးဆောင်နေပြီး ရီးယဲလ်အသင်းမှ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်လ်ဒိုက (၄)ကြိမ် ရရှိထားသည်။

Photo: Marca

ယခု ၂၀၁၇ ခုနှစ်အတွက် Ballon d'Or ဆုကို စီရော်နယ်လ်ဒို ရရှိရန် ရေပန်းအစားဆုံးဖြစ်နေပြီး မက်ဆီကို အမီလိုက်နိုင်မည့်အလားအလာရှိနေသည်။

Ballon d'Or ဆုပေးပွဲကို ပါရီမြို့ရှိ နာမည်ကျော် အီဖယ်လ်မျှော်စင်ရှေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး နာမည်ကျော်ပြင်သစ်ကစားသမားဟောင်း ဒေးဗစ်ဂျီနိုလာက စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ဆုပေးပွဲပြုလုပ်မည့်အချိန်မှာ ယနေ့ည မြန်မာစံတော်ချိန် (၁း၁၅)နာရီ ဖြစ်ကြောင်းသိရှိရသည်။

Most Read

Most Recent