ဆီးခွက်ဖြင့်ပစ်ပေါက်သည့် စပါးပရိသတ်နှစ်ဦးကို ရာသက်ပန်ပိတ်ပင်

ဆီးခွက်ဖြင့်ပစ်ပေါက်သည့် စပါးပရိသတ်နှစ်ဦးကို ရာသက်ပန်ပိတ်ပင်
Published 1 November 2017

Photo: sickchirpse

စပါးအသင်းသည် ဝက်စ်ဟမ်းအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်အတွင်း ပြိုင်ဘက် ဝက်စ်ဟမ်းပရိသတ်များထံသို့ ဆီးခွက်ဖြင့်ပစ်ပေါက်ခဲ့သည့် အသင်းပရိသတ်နှစ်ဦးကို ရာသက်ပန်ပွဲ ကြည့်ရှုခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး လူမှုကွန်ရက်တွင် အခြားတစ်ဦးမှ ဧည့်သည့်ပရိသတ်များထံသို့ မပစ်ပေါက်မီ လူပုဂ္ဂိုလ်တစ်ဦးက ခွက်ထဲသို့ ဆီးများပေါက်ထည့်နေသည့် ဗီဒီယိုဖိုင် ပျံ့နှံ့ခဲ့သည်။

စပါးအသင်းက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းပုဂ္ဂိုလ်နှစ်ဦးကို ရာသက်ပန်ပွဲကြည့်ရှုခွင့် ပိတ်ပင်ခဲ့သော်လည်း ၎င်းတို့၏အမည်များကို ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း သိရသည်။

"ဒီအပြုအမူမျိုးဟာ လုံးဝလက်ခံနိုင်စရာ မရှိပါဘူး။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်မှာ ပါဝင်နေသူ နှစ်ဦးစလုံးကို ဘောလုံးပွဲကြည့်ရှုခွင့် ရာသက်ပန်ပိတ်ပင်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်"ဟု စပါးအသင်းပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အောက်တိုဘာ ၃၀ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းပွဲတွင် စပါးအသင်းမှာ (၂-ဝ)ဂိုးဖြင့်ဦးဆောင် နေရာမှ သုံးဂိုးပြန်ပေးခဲ့ရပြီး (၂-၃)ဂိုးဖြင့် အိမ်ကွင်းတွင် အရေးနိမ့်ခဲ့ရသည်။

Most Read

Most Recent