ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)(ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃)(ဒုတိယနေ့) ပွဲကြိုသုံးသပ်ချက်
Published 19 October 2017

Photo:AFP

ကာရာဘတ်ချ် - အက်သလက်တီကို ( မြန်မာစံတော်ချိန် ၁၈-၁၀-၂၀၁၇ ည ၁၀း၃၀)

အက်သလက်တီကိုက ချယ်လ်ဆီးကို အိမ်ကွင်းမှာ ရှုံးခဲ့ တဲ့အတွက် အုပ်စုဗိုလ်နေရာအတွက် တော်တော်လေး အခွင့် အရေးနည်းသွားတယ်။ ဒါ့အပြင် ရိုးမားနဲ့ အုပ်စုဒုတိယနေရာ လုဖို့အတွက်ကလည်း အမှားခံလို့ မဖြစ်တဲ့အနေအထားဖြစ်နေ တယ်။ ကာရာဘတ်ဆီကနေ (၆)မှတ် မဖြစ်မနေယူထားရမယ့် အနေအထားဖြစ်ပြီး၊ ဂိုးတွေလည်း အများကြီးသွင်းဖို့လိုနေပါ တယ်။ အက်သလက်တီကို ဂိုးပြတ်သွင်းလိမ့်မယ်။်သွင်းလိမ့်မယ်။

CSKA မော်စကို - ဘေဆယ် ( မြန်မာစံတော်ချိန ၁၉-၁၀-၂၀၁၇ နံနက် ၁း၁၅)

CSKA မော်စကိုက မန်ယူကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးခဲ့ တာကလွဲရင် ပွဲအများစုမှာ ပေးဂိုးနည်းတာတွေ့ရတယ်။ တိုက် စစ်ပိုင်းလည်း အားနည်းပါတယ်။ ဘေဆယ်က ပြည်တွင်းလိဂ် မှာအကောင်းဆုံး ပုံစံရနေတယ်။ ချန်ပီယံလိဂ်မှာတော့ CSKA လိုပဲ ဘင်ဖီကာကိုနိုင်ပြီး၊ မန်ယူကို ရှုံးထားတယ်။ ဒီပွဲမှာအနိုင်ရ တဲ့အသင်းက အုပ်စုဒုတိယနေရာအတွက်မျှော်လင့်ချက်အား ကောင်းသွားမှာပါ။ ဒါပေမဲ့ သရေကျဖို့များပါတယ်။

ဘင်ဖီကာ - မန်ယူ ( မြန်မာစံတော်ချိန ၁၉-၁၀-၂၀၁၇ နံနက် ၁း၁၅)

မန်ယူက (၆)မှတ်ယူထားပြီး ဖြစ်တဲ့အတွက် ဒီပွဲနိုင်ရင် နောက်တစ်ဆင့်တက်ဖို့ များသွားပါပြီ။ ဘင်ဖီကာရဲ့ ဒီရာသီခြေ စွမ်းကလည်း စိတ်ပျက်စရာပါ။ ပြည်တွင်းလိဂ်မှာရော၊ ချန်ပီယံ လိဂ်မှာပါ ရလဒ်တွေက ကျဆင်းနေတာတွေ့ရတယ်။ မန်ယူပဲ အနိုင်ကစားသွားပါလိမ့်မယ်။

အန်ဒါလက်ချ် - PSG ( မြန်မာစံတော်ချိန ၁၉-၁၀-၂၀၁၇ နံနက် ၁း၁၅)

အန်ဒါလက်ချ်က ဘိုင်ယန်မြူးနစ်ကိုရော၊ ဆဲလ်တစ်ကို ပါ ဂိုးပြတ် ရှုံးထားတယ်။ ပြည်တွင်းလိဂ်မှာ ရလဒ်တွေကောင်း နေပေမယ့် ချန်ပီယံလိဂ်မှာတော့ ပြိုင်ဘက်အသင်းတွေကို ယှဉ် နိုင်စွမ်းမရှိတာတွေ့ရတယ်။ ဒီအုပ်စုမှာ အုပ်စုနောက်ဆုံးဖြစ် ဖို့များနေတဲ့အသင်းဖြစ်ပြီး၊ ဒီပွဲကနေလည်း ဘာမျှော်လင့်ချက် မှ ရှိမှာမဟုတ်ပါဘူး။ PSG က အုပ်စုပွဲစဉ်တွေပါ သွင်းဂိုး (၈) ဂိုး၊ ပေးဂိုးမရှိကစားထားတဲ့အသင်းဖြစ်ပြီး၊ အကောင်းဆုံးပုံစံကို ဆက်ထိန်းထားမယ်လို့ ယုံကြည်ရတယ်။ ဒီပွဲမှာလည်း အဝေး ကွင်းဆိုပေမယ့် PSG ဂိုးပြတ်သွင်းနိုင်တယ်။

ဘိုင်ယန်မြူးနစ် - ဆဲလ်တစ် ( မြန်မာစံတော်ချိန ၁၉-၁၀-၂၀၁၇ နံနက် ၁း၁၅)

ဆဲလ်တစ်နဲ့ ဘိုင်ယန်မြူးနစ်က အမှတ်တူနေပြီး အုပ်စု ဒုတိယနေရာ လုရမယ့်အနေအထားဖြစ်နေတယ်။ ဒါပေမဲ့ ဒါက ပြိုင်ဘက်တွေနဲ့ ကစားထားရတဲ့အချက်အလက်ပိုင်းအရသာ ဖြစ်ပြီး သူတို့နှစ်သင်းထိပ်တိုက်တွေ့မယ့်ပွဲမှာတော့ ခြေအဆင့် အတန်းက တော်တော်လေး ကွာနေပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ခြေစွမ်း၊ အဆင့်အတန်း၊ အတွေ့အကြုံကို ဆဲလ်တစ် လုံးဝမမီသလို၊ လက်ရှိဘိုင်ယန်မြူးနစ်က နည်းပြသစ်နဲ့ပြန် ပေါက်ကွဲမယ့် အနေအထားဖြစ်နေပါတယ်။ ဘိုင်ယန်မြူးနစ် ဂိုး ပြတ်သွင်းလိမ့်မယ်။

ချယ်လ်ဆီး - ရိုးမား ( မြန်မာစံတော်ချိန ၁၉-၁၀-၂၀၁၇ နံနက် ၁း၁၅)

ချယ်လ်ဆီးက ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးနေပေမယ့် ချန်ပီယံလိဂ်မှာတော့ အကောင်းဆုံးပုံစံပြနေပါတယ်။ ကာရာ ဘတ်ကို (၆-ဝ)ဂိုးနဲ့အနိုင်ကစားထားသလို၊ အက်သလက်တီကိုမက်ဒရစ်ကိုလည်း အဝေးကွင်းမှာ အနိုင်ယူထားပါတယ်။ ဒါကြောင့် ဒီပွဲမှာ ရိုးမားကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ရင် အုပ်စုကတက်ဖို့အခြေအနေကောင်းသွားမှာဖြစ်ပြီး ပရီးမီးယား လိဂ်ကို ပိုပြီး အာရုံစိုက်နိုင်ပါလိမ့်မယ်။ မန်စီးတီးနဲ့ ပဲလေ့စ်တို့ကို နှစ်ပွဲဆက်ရှုံးထားတာကိုရပ်တန့်ဖို့အတွက်လည်း ဒီပွဲမှာ မဖြစ်မနေအနိုင်ကစားဖို့ ရည်ရွယ်ထားပါလိမ့်မယ်။ ရိုးမားက ကာရာဘတ်ကို ကပ်နိုင်ခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်ကို လည်း အိမ်ကွင်းမှာ သရေကစားခဲ့ပါတယ်။ လက်ရှိအနေအထားက အက်သလက်တီကိုနဲ့ အုပ်စုဒုတိယနေရာလုရဖို့များနေ ပြီး၊ အက်သလက်တီကိုက နိုင်ပွဲသေချာနေတဲ့ပွဲစဉ်မှာ ရိုးမားအနေနဲ့ ချယ်လ်ဆီးဆီကနေ (၃)မှတ်မယူထားနိုင်ရင်တောင် တစ်မှတ်တော့ ရအောင်ယူသင့်ပါတယ်။ ဒီပွဲအတွက် ရိုးမားရဲ့အဓိက ရည်မှန်းချက်ကလည်း သရေတစ်မှတ်ဖြစ်နေနိုင်ပါ တယ်။ ဒါပေမဲ့ ရိုးမားက ဒီရာသီမှာ အကောင်းဆုံးအနေအထားမှာ ရှိမနေဘူး။ လက်ရှိ ရိုးမားရဲ့ ကစားပုံနဲ့ ခြေအဆင့်အတန်း က မဆိုးဘူးဆိုပေမယ့် ချယ်လ်ဆီးနဲ့တော့ ကွာပါတယ်။ ချယ်လ်ဆီးအသင်းမှာ မိုရာတာအပါအဝင် အဓိကçကစားသမားတချို့ ဒဏ်ရာရရှိနေတယ်။ ဒီပွဲမှာ ဘတ်ရှူအာယီကို သုံးဖို့ထက် ဟာဇက်၊ ဝီလီယံ၊ ပတ်ဒရိုတို့နဲ့ ပွဲထွက်လာဖို့များပါတယ်။ ချယ်လ် ဆီးပဲ အနိုင်ရမှာဖြစ်ပြီး ဂိုးပြတ်၊ မပြတ်တော့ စဉ်းစားရပါမယ်။

ဂျူဗင်တပ်စ် - စပို့တင်းလစ္စဘွန်း ( မြန်မာစံတော်ချိန ၁၉-၁၀-၂၀၁၇ နံနက် ၁း၁၅)

ဂျူဗင်တပ်စ်နဲ့ စပို့တင်းလစ္စဘွန်းက အုပ်စုဒုတိယနေရာ ကို အပြိုင်လုရမယ့်အသင်းတွေပါ။ နှစ်သင်းစလုံးက ဘာစီလို နာကို ရှုံးပြီး၊ အိုလံပီယာကော့စ်ကိုအနိုင်ကစားထားကြတယ်။ ဒီပွဲမှာသာ သရေလောက်ထိန်းကစားနိုင်ရင် စပို့တင်းလစ္စဘွန်း အတွက်မျှော်လင့်ချက်တော်တော်လေး ရှိလာမယ်။ စပို့တင်း လစ္စဘွန်းရဲ့ လက်ရှိ ခြေစွမ်းကတော့ အားရစရာသိပ်မရှိဘူး။ ပြည်တွင်းလိဂ်မှာလည်း ရလဒ်တွေဆိုးနေတာတွေ့ရတယ်။ ဂျူဗင်တပ်စ်လည်း ခြေကျနေပေမယ့် အိမ်ကွင်းမှာတော့ စပို့ တင်းကိုအနိုင်ကစားမှာပါ။ (၂-ဝ၊ ၂-၁)လောက်ဖြစ်မယ်။

ဘာစီလိုနာ - အိုလံပီယာကော့စ် ( မြန်မာစံတော်ချိန ၁၉-၁၀-၂၀၁၇ နံနက် ၁း၁၅)

ဘာစီလိုနာအတွက် အခက်အခဲမရှိတဲ့ပွဲပါ။ အိုလံပီယာ ကော့စ်က ရှေ့နှစ်ပွဲစလုံး ရှုံးထားပြီး၊ ဘာစီလိုနာနဲ့ နှစ်ကျော့ပြီး သွားရင် (၄)ပွဲရှုံးဖြစ်သွားလိမ့်မယ်။ လက်ရှိ ခြေစွမ်းနဲ့ ရလဒ်ပိုင်း ကလည်း တော်တော်လေးဆိုးရွားနေတယ်။ ချန်ပီယံလိဂ်တင် မဟုတ်ဘဲ ပြည်တွင်းလိဂ်မှာပါ ရလဒ်တွေဆက်တိုက်ဆိုးနေ တာတွေ့ရတယ်။ ဘာစီလိုနာအလွယ်တကူနိုင်မှာဖြစ်ပြီး၊ ဂိုး ပြတ်သွင်းလိမ့်မယ်။

Most Read

Most Recent