ယနေ့ညကစားမည့် ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်

ယနေ့ညကစားမည့် ပွဲစဉ်များအတွက် ပွဲကြိုသုံးသပ်ချက်
Published 14 October 2017

 

ဘာမင်ဂမ် နှင့် ကာဒစ်ဖ်
ဘာမင်ဂမ်က ပုံမှန်ခြေစွမ်းမရှိပါဘူး။ အိမ်ကွင်းမှာ ခြေ ရည်တူအသင်းတွေကိုတောင်
ဂိုးပြတ်ရှုံးတတ်ပါတယ်။ ကာ ဒစ်ဖ်အနေနဲ့ ထိပ်ဆုံးမှာ နေရာမြဲဖို့အတွက် အနိုင်ကစား
သွား ပါလိမ့်မယ်။

ဘရစ္စတိုးလ် နှင့် ဘာတန်
တိုက်စစ်ကောင်းတဲ့ ဘရစ္စတိုးလ်စီးတီးကွင်းမှာ ဘာတန် ရုန်းကန်ရနိုင်ပါတယ်။
နောက်ဆုံး(၆)ပွဲမှာ (၅)ပွဲ ဂိုးပေါက် ပျောက်ခဲ့ပြီး ပေးဂိုးလည်းမြင့်တက်လာတဲ့
ဘာတန်ကို မျှော်လင့် မထားချင်ပါဘူး။ ဘရစ္စတိုးလ်စီးတီး ဂိုးပြတ်နိုင်ဖို့များပါတယ်။

အက်စ်ပန်ညို နှင့် လီဗန်တေး
လီဗန်တေး အရှိန်နည်းနည်းလျော့သွားသလိုပဲ။ တိုက်စစ် ပိုင်းကပါ ဂိုးပေါက်ပျောက်
သွားတာတွေ့ရတယ်။ နောက်ဆုံးက စားတဲ့အဝေးကွင်းပွဲမှာလည်း ဘက်တစ်ကို
ဂိုးပြတ်အရှုံးပေးခဲ့ ရလို့ အိမ်ကွင်းအားနဲ့ကစားတတ်တဲ့ အက်စ်ပန်ညိုအသင်းကို လည်း
လီဗန်တေး တောင့်ခံဖို့ခက်နေဦးမှာပါ။ အက်စ်ပန်ညိုနဲ့ ဂိုးအများပဲကြိုက်တယ်။

လိုင်ယွန် နှင့် မိုနာကို
နောက်ဆုံး(၂)ပွဲဆက် (၃-၃)ဂိုးနဲ့ သရေကျထားတာဟာ လိုင်ယွန်ရဲ့ ဟန်ချက်မညီမှုကို
ညွှန်းဆိုနေပါတယ်။ ဒီပိုင်း၊ ဖယ်ကီယာ၊ မာရီယာနိုတို့ဟာ ကိုယ်တိုင်ဂိုးသွင်းနိုင်သလို၊
ဂိုး ဖန်တီးမှုလည်းလုပ်နိုင်ပေမယ့် ခံစစ်ကဂိုးတွေပြန်ပေးနေရတာ လိုင်ယွန်ရဲ့
အားနည်းချက်ပဲ ။ ဒီပွဲပြီးရင်ချန်ပီယံလိဂ် ပွဲကျပ်ရှိတဲ့ မိုနာကို တစ်မှတ်ထက်
ပိုမရနိုင်ဘူး။ လိုင်ယွန် နိုင်ဖို့များတယ်။

စတုဂတ် နှင့် ကိုလုံး
ကိုလုံးအသင်း အခုလိုပွဲမျိုးမှာ အမှတ်မယူထားနိုင်ရင် ဘွန်ဒစ်လီဂါ-၂ကို
တန်းဆင်းရဖို့များနေပြီ။ ကိုလုံးအသင်းနဲ့ စွန့် စားသင့်တယ်။

Most Read

Most Recent