ဖရန့်ဒီဘိုးဝါးကိုထုတ်ပယ်ခြင်းမှာ မှန်ကန်သည်ဟု အီယန်ရိုက် ဆို

ဖရန့်ဒီဘိုးဝါးကိုထုတ်ပယ်ခြင်းမှာ မှန်ကန်သည်ဟု အီယန်ရိုက် ဆို
Published 14 September 2017

 

 

အာဆင်နယ်အသင်းနှင့် အင်္ဂလန်လက် ရွေးစင်အသင်း၏ တိုက်စစ်မှူးဟောင်းဖြစ်သူ အီယန်ရိုက်က ခရစ္စတယ်ပဲလေ့စ်အသင်းအ နေဖြင့် ဒတ်ချ်လူမျိုးနည်းပြ ဖရန့်ဒီဘိုးဝါးအား ရာထူးမှထုတ်ပယ်ခဲ့ခြင်းမှာ မှန်ကန်သည်ဟု The Sun သတင်းစာရှိ သူ၏ကော်လံတွင် ဝေဖန်သုံးသပ်ရေးသားခဲ့သည်။

အီယန်ရိုက်က ခရစ္စတယ်ပဲလေ့စ်အသင်းပိုင်ရှင် စတိဗ်ပါရစ်ရှ်သည် အောင်မြင်သည့်စီးပွားရေးသမား တစ်ဦးဖြစ်ခြင်းကြောင့် ကလပ်အသင်းကိုလည်း မှန်ကန်သည့်ဆုံးဖြတ်ချက်များ ချမှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြု လုပ်ပေးလိမ့်မည်ဟု ရေးသားခဲ့သည်။

ဖရန့် ဒီဘိုးဝါးသည် ခရစ္စတယ်ပဲလေ့စ်အသင်း ရာသီအစ (၄)ပွဲဆက်တိုက်ရှုံးနိမ့်ခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent