မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်သန်းေ၀ အား စစ်တွေမြို့နယ် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်သန်းေ၀ အား စစ်တွေမြို့နယ် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်
Published 19 July 2018

မြောက်ဦး ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ဝေဖန် မေးခွန်းထုတ်ခဲ့သဖြင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ ပုဒ်မ ၁၀ တို့ဖြင့် ဖမ်းဆီးခံထားရသူ ဦးအောင်သန်းဝေအား စစ်တွေမြို့နယ် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ဇွန် ၂၁ ရက် ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသော ဦးအောင်သန်းဝေအား ဇူလိုင် ၁၈ ရက်က တတိယအကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုပြ သက်သေတစ်ဦး ဖြစ်သော ဒုရဲအုပ်ကျော်မင်းအား စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဦးအောင်သန်းဝေ၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် “လူသတ်လက်နက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု (တရားခံ) ဘယ်သူလဲ”ဆိုသည့် ပို့စ်ကို ဇွန် ၁၈ ရက်က ရေးသား ဖော်ပြခဲ့ကြောင်းနှင့် ယင်းသို့ ရေးသားသည့်အတွက် ၆၆(ဃ) ဖြင့် စွဲဆိုခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ၆၆(ဃ)မှာ အာမခံ ရရှိခဲ့သည့်တိုင် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ ဖြင့်လည်း အမှုဖွင့်ထားသဖြင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။ သို့သော်လည်း ၆၆(ဃ) အမှုအား တရားရုံးသို့ တင်ပို့ တရားစွဲဆိုခြင်း မရှိသေးကြောင်းလည်း သိရသည်။

“၆၆(ဃ)ကိုတော့ စွဲချက်တင်တာ မတွေ့ရသေးဘူး။ တရားရုံးကို မရောက်လာသေးပါဘူး”ဟု ဦးအောင်သန်းဝေ၏ အမှုအား လိုက်ပါ ဆောင်ရွက်သူ ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောကြားသည်။

“ ဥပဒေအရာရှိများသည် စနစ်ဟောင်းကို ကျင့်သုံးတဲ့ စွဲချက်မဖြစ်ဖို့ လိုတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ အမှုတွဲတစ်ခုကို ဥပဒေအရ အကြံပေးတဲ့နေရာမှာ ဥပဒေအရာရှိရဲ့ မူလတာဝန်ကို မေ့လျောပြီး မဆောင်ရွက်ဖို့ ကျွန်တော် အကြံပေးချင်ပါတယ်။ ဦးတင်မောင်ဆွေသည် ကျွန်တော့်ကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ခြိမ်းခြောက်တယ်ဆိုရင် ဦးတင်မောင်ဆွေသည် ခိုင်လုံသော သက်သေနဲ့ ကျွန်တော့်ကို စွပ်စွဲနိုင်ပါတယ်၊။အဲဒီအချိန်မှာ ချေပမယ်။ အခု အဲဒီလိုမဟုတ်ဘဲ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်စား လက်မှတ်ထိုးပေးခဲ့ခြင်းသည် ရခိုင်ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ရာ ကျတယ်။ အစည်းအဝေး သုံးသပ်ချက်လည်း မပါဘူး။ နောက်တစ်ခုက ဦးတင်မောင်ဆွေရဲ့ ကိုယ်စားလှယ်အဖြစ် ဦးစောမင်းသူကို တာဝန်ပေးတယ်။ အဲဒီနေရာမှာလည်း အစိုးရ ဆုံးဖြတ်ချက် မပါဘူး။ နောက်တစ်ချက်က ပြစ်မှုကို ကိုယ်စားပြု တရားစွဲဆိုပိုင်ခွင့် မရှိဘူးလို့ ကျွန်တော်သိရှိရတယ်။ အမှုတစ်ခုကို ခိုင်လုံချက်မရှိဘဲ ဥပဒေကို အကြံပြုချက် တောင်းခံတဲ့အခါမှာ ဥပဒေ ဝန်ထမ်းများသည် ဥပဒေရုံးရဲ့ မူလတာဝန်ကို သွေဖယ်ပြီး ယခင် စနစ်ဟောင်းကို အသုံးမပြုဖို့ လိုတယ်” ဟု ဦးအောင်သန်းဝေက ရုံးထုတ်စဉ် ပြောကြားသည်။

ထို့ပြင် ဦးအောင်သန်းဝေ၏ ရှေ့နေဖြစ်သူ ဦးကျော်ညွန့်မောင်က “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကာကွယ်ရေး ဥပဒေကတော့ အဓိကတော့ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေကို တားမြစ်ထားတဲ့ ဥပဒေလို့ ကျွန်တော် သိထားတယ်။ ထောက်လှမ်းတယ်။ ဖမ်းဆီးတယ်။ စစ်ဆေးတယ်။ လုပ်ငန်းတွေအတွက် တားမြစ်ထားတာ ဖြစ်တယ်လို့ မြင်တယ်။ အများပြည်သူကို အဲဒီလိုမလုပ်အောင် တားမြစ်ထားတဲ့ ဥပဒေတစ်ရပ်သာ ဖြစ်တယ်လို့ မြင်တယ်”ဟု ပြောကြားသည်။