ဥရောပသမဂ္ဂ စည်းလုံး၍ သာယာဝပြောသည်ကိုသာ ရုရှားက လိုလားကြောင်း ပူတင်က ပြောကြား

ဥရောပသမဂ္ဂ စည်းလုံး၍ သာယာဝပြောသည်ကိုသာ ရုရှားက လိုလားကြောင်း ပူတင်က ပြောကြား
Published 6 June 2018

မေ ၃၁ ရက်က မော်စကိုတွင် အစိုးရထိပ်တန်းတာဝန်ရှိသူများ၊ ရှေ့နေများနှင့် တွေ့ဆုံပွဲ၌ သမ္မတ ပူတင်က မိန့်ခွန်းပြောနေစဉ် (Photo - AFP)

ဥရောပသမဂ္ဂ၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားစေရန် ရုရှားက ကြိုးပမ်းနေသည်ဟု ပြောကြားမှုများကို သမ္မတဗလာဒီမာ ပူတင်က ဘေးချိတ်ခဲ့ပြီး ၎င်းတို့နိုင်ငံသည် ဥရောပသမဂ္ဂ၏ စည်းလုံးမှုနှင့်သာယာ၀ ပြောမှု ရှိခြင်းကိုသာ လိုလားသည်ဟု ဇွန် ၄ ရက်က ပြောကြားခဲ့သည်။

“ဥရောပသမဂ္ဂဟာ ကျွန်တော်တို့ရဲ့ အရေးအကြီးဆုံး စီးပွားရေးနဲ့ ကုန်သွယ်ရေးမိတ်ဖက်စပြီး ဖြစ်လာကတည်းက ဥရောပသမဂ္ဂရဲ့ စည်းလုံးမှုနဲ့ သာယာဝပြောမှုရှိရေးကိုပဲ ကျွန်တော်တို့ စိတ်ဝင်စားပါတယ်” ဟု ပူတင်က သြစတြီးယားမြို့တော်  ဗီယင်နာသို့ တရားဝင်ခရီးစဉ်တစ်ခု မသွားရောက်မီ သြစတြီးယားရုပ်သံတစ်ခုဖြစ်သော ORF သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဥရောပသမဂ္ဂရဲ့ ဗဟိုချက်မှာ ပြဿနာတွေ ပိုပိုလာလေ ကျွန်တော်တို့အတွက် အခက်အခဲ၊ အန္တရာယ်တွေ ပိုများလေလေပါ။ ဥရောပသမဂ္ဂနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကျွန်တော်တို့ဘက်က လိုအပ်ပါတယ်” ဟု ပူတင်က ဆိုခဲ့သည်။ ဥရောပသမဂ္ဂမှမည် သူသို့မဟုတ် မည်သည့်အရာကိုမှ ကွဲပြားစေရန် ရည်ရွယ်ချက်မရှိဟုလည်း ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့သည်။

မကြာသေးမီကမှ စတုတ္ထမြောက် သမ္မတသက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံထားရသည့် ပူတင်က ၎င်း၏ အာဏာရယူနိုက်တက်ရုရှားပါတီနှင့် သြစတြီးယား၏ လက်ယာစွန်းရောက် Freedom ပါတီ၊ FPOe ပါတီတို့ကြားတွင် ဆက်နွှယ်မှုများရှိသည်ဆိုသည့် သတင်းများကိုလည်း မှိန်ချပစ်ခဲ့သည်။ ထို FPOe ပါတီသည် သြစတြီးယားနိုင်ငံကို လက်ရှိအုပ်ချုပ်နေသော ညွန့်ပေါင်းအင်အားစုထဲ၌ ပါဝင်နေပြီ ဖြစ်သည်။

သြစတြီးယားဝန်ကြီးချုပ် ဆီဘက်စတီယာန်ကာ့ဇ်၏ ပြည့်သူ့ပါတီအတွက် အငယ်တန်းမိတ်ဖက်ဖြစ်သော FPOe သည် ခရိုင်းမီးယားအား ၎င်း၏ပိုင်နက်ဖြစ်ကြောင်း ကြေညာခဲ့သော ရုရှားလုပ်ရပ်ကို ထောက်ခံသည့် ပါတီဖြစ်သည်။

Ref ; AFP

Most Read

Most Recent