အချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံအတွက် Facebook က အမေရိကန်နှင့် ဗြိတိန်သတင်းစာများတွင် ကြော်ငြာထည့်သွင်း၍ တောင်းပန်

အချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံအတွက် Facebook က အမေရိကန်နှင့် ဗြိတိန်သတင်းစာများတွင် ကြော်ငြာထည့်သွင်း၍ တောင်းပန်
Published 27 March 2018

ပုဂ္ဂိုလ်ရေးအချက်အလက်အရှုပ်တော်ပုံအတွက် တောင်းပန်ကြောင်း စာမျက်နှာပြည့် ကြော်ငြာကို ဗြိတိန်နှင့် အမေရိကန် အဓိကသတင်းစာကြီးကိုးခုတွင် မတ် ၂၅ ရက်က ဖော်ပြခဲ့သည်။ “သင်တို့ရဲ့ အချက်အလက်တွေကို ကာကွယ်ဖို့ ကျွန်ုပ်တို့တွေမှာ တာဝန်ရှိပါတယ်။ ကျွနု်ပ်တို့ မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကျွနု်ပ်တို့ဟာ အဲဒီတာဝန်နဲ့ မထိုက်တန်ပါဘူး။ ဒါဟာ ယုံကြည်မှုကို ချိုးဖျက်မှုပါ။ လောလောဆယ်မှာ အဲဒီလို မလုပ်ခဲ့တဲ့အတွက် ဝမ်းနည်းကြောင်း ပြောလိုပါတယ်။ ဒါမျိုးနောက်ထပ်မဖြစ်ဖို့ရာအတွက် အရေးယူဆောင်ရွက်မှုတွေကို ကျွနု်ပ်တု့ိ ဆောင်ရွက်နေပါတယ်” ဟု Facebook ၏ အမှုဆောင်ချုပ် မက်ဇက်ကာဘတ်က ယင်းကြော်ငြာတွင် ပြောကြားခဲ့သည်။

ထိုကြော်ငြာကို ဗြိတိန်၏ အကျော်ကြားဆုံး သတင်းစာခြောက်စောင်၌ ဖော်ပြခဲ့ပြီး ရောင်းအကောင်းဆုံး သတင်းစာ Mail နှင့် The Observer တို့ပါဝင်ခဲ့သည်။ ထို့ပြင် နယူးယောက်တိုင်းမ်၊ ဝါရှင်တန်ပို့စ်နှင့် ဝေါစထရိဂျာနယ်တို့လည်း ပါဝင်ခဲ့သည်။

ဇက်ကာဘတ်က ၂၀၁၄ ခုနှစ်တွင် Facebook အသုံးပြုသူ သန်းပေါင်းများစွာ၏  အချက်အလက်များကို ပေါက်ကြားစေခဲ့သော ပဟေဠိ မိုဘိုင်းဆော့ဖ်ဝဲအကြောင်းကိုလည်း ရှင်းပြခဲ့သည်။

သမ္မတဒေါ်နယ်ထရန့် ၏ ၂၀၁၆ ရွေး ကောက်ပွဲမဲဆွယ်အဖွဲ့အတွက် လုပ်ကိုင်ပေးခဲ့သော Cambridge Analytica မှ ပညာရှင် အလက်ဇန်းဒါကိုဂန်က တီထွင်ခဲ့သော ယင်း ပဟေဠိဆော့ဖ်ဝဲကို လူ ၂၇၀၀၀၀ က ရယူအသုံးပြုခဲ့ကြပြီး ယင်းမှတစ်ဆင့် လူသန်း ၅၀ ၏ အချက်အလက်များကို ပေါက်ကြားစေခဲ့ခြင်း ဖြစ်ကြောင်း ယင်းကြော်ငြာတွင် ဖော်ပြခဲ့သည်။