မြို့သစ်စီမံကိန်းများ၊ စီးပွားရေးဇုန်များ၊ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်နှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အပါအဝင် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းမှ ဦးစားပေး စီမံကိန်း ၄၁ ခုအတွက် ဒေါ်လာ သန်း ၂၃၃၀ သုံးစွဲရန်ခန့်မှန်း

မြို့သစ်စီမံကိန်းများ၊ စီးပွားရေးဇုန်များ၊ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်နှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အပါအဝင် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းမှ ဦးစားပေး စီမံကိန်း ၄၁ ခုအတွက် ဒေါ်လာ သန်း ၂၃၃၀ သုံးစွဲရန်ခန့်မှန်း
Published 17 December 2017

THILAWA SPECIAL ECONOMIC ZONE ကို ယခုလပိုင်းများအတွင်း တွေ့ရစဉ်

မြို့သစ်စီမံကိန်းများ၊ ရန်ကုန်မြို့လယ် ဗဟိုစီးပွားရေးဇုန်နှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများ အပါ အဝင် မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းမှ ဦးစားပေး စီမံကိန်း ၄၁ ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၂၃၃၀ သုံးစွဲရန် ခန့်မှန်းထားကြောင်း မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာ စီမံကိန်းအရ သိရသည်။

မြို့ပြဖွံ့ဖြိုး တိုးတက်မှု စီမံခန့်ခွဲရေးအတွက် ဒေါ်လာ သန်း ၆၃၀ သုံးစွဲရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ဗဟိုခွဲများနှင့် အခြားဦးစားပေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဒေါ်လာ သန်း ၃၂၀၊ မြို့လယ်ဗဟိုစီးပွားရေးဇုန် ပြန်လည်ပြုပြင်ခြင်းအတွက် ဒေါ်လာ သန်း၂၉၀ နှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်စပ်၍ ဒေါ်လာသန်း ၂၀ သုံးစွဲရန်အပြင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဒေါ်လာ သန်း ၁၇၀၀ သုံး စွဲရန် ခန့်မှန်းထားခြင်းဖြစ်ပြီး အခြေခံအဆောက်အအုံ တိုးတက်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည် ရှိစေရေးအတွက် သုံးစွဲမည်ဖြစ်သည်။

မြို့ပြဖွံ့ဖြိုးမှု မဟာဗျူဟာစီမံကိန်းမှ ဦးစားပေးစီမံကိန်း ၄၁ ခုတွင် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ၂၅ ခုနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး စီမံကိန်း ၁၆ ခုအဖြစ် ခွဲခြားထားသည်။

အဆိုပါ စီမံကိန်းများမှာ မင်းဓမ္မ ဒုတိယ ဗဟိုစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ရန်ကင်းဗဟိုခွဲဇုန် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ သီလဝါ အထူးစီးပွားရေး ဗဟိုခွဲဇုန် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ကြည့်မြင်တိုင်မြို့သစ် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ရန်ကုန်ဘူတာကြီးဧရိယာ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ ဘူတာရုံခွဲ ဧရိယာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (ခ) ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ မူလရှိပြီးသော စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ အစိုးရပိုင်မြေများ ပြန်လည်ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း၊ ဆူးလေဘုရားနှင့် ပတ်ဝန်းကျင် စီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ ဘဏ်လမ်းစီမံကိန်း (မြို့လယ်ဗဟို စီးပွားရေးဇုန်)၊ ကမ်းနားလမ်းစီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ မြစ်ကမ်းတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (မြို့လယ်ဗဟို စီးပွားရေးဇုန်)၊ ဘက်စုံသုံး ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (မြို့လယ် ဗဟိုစီးပွားရေးဇုန်)၊ ကားရပ်နားသည့်နေရာ ရေးဆွဲခြင်း စီမံကိန်းနှင့် လမ်းများဈေးနှုန်း သတ်မှတ်ခြင်းနှင့် ကားရပ်နားသည့်စနစ် အစပြုမှု စီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်) တို့ ပါဝင်သည်။

ထို့ပြင် ဘတ်စ်ကားစနစ်ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ ပန်းခြံမြေအောက် ကားရပ်နားရန်နေရာများ စီမံကိန်း၊ မြို့ပြတန်ဖိုးနည်းအိမ်ရာ စီမံကိန်း ငွေကြေးထောက်ပံ့မှု အစီအစဉ်၊ ရန်ကုန်မြို့ပြ အမွေအနှစ် မဟာဗျူဟာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း စီမံကိန်း (မြို့လယ်ဗဟိုစီးပွားရေးဇုန်)၊ ပန်းခြံသစ်များ ဆောက်လုပ်ခြင်းစီမံကိန်း၊ မသန်စွမ်းသူများအတွက် နေထိုင်သွားလာမှု အခက်အခဲ မရှိစေရေး စီမံကိန်း၊ ပညာရေးစနစ် ပိုမိုခိုင်ခံ့ရေးစီမံကိန်း၊ မြို့ပြရှိ ဆင်းရဲနွမ်းပါးသူများအား ကူညီထောက်ပံ့ရေး စီမံကိန်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှု စီမံခန့်ခွဲရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ကုက္ကိုလ်၀ ရေသန့်စင်စက်ရုံနှင့် ရေပေးဝေရေး ပိုက်လိုင်းများ ဆောက်လုပ်ခြင်း စီမံကိန်း၊ ဇုန် (၁) ရေပေးဝေရေးပိုက်လိုင်း ကွန်ရက်အသစ် ပြန်လည်တည်ဆောက်ခြင်း စီမံကိန်း၊ မြို့လယ်ဗဟိုစီးပွားရေးဇုန် ရေဆိုးစနစ် တိုးတက်မှု ဆောင်ရွက်ရေး စီမံကိန်း (C1 + W1)၊ W1 ရေဆိုးစနစ် တိုးတက်မှု ဆောင်ရွက်ရေးစီမံကိန်း (လသာနှင့် လမ်းမတော်)၊ မြို့လယ် ဗဟိုစီးပွားရေးဇုန် မိုးရေစီးဆင်းမှု ကောင်းမွန်ရေး၊ တိုးတက်မှုဆောင်ရွက်နိုင်ရေး တို့ဖြစ်သည်။

ထို့ပြင် အခြားစီမံကိန်းများမှာ ရေဆိုးစီမံခန့်ခွဲမှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ ရေလွှမ်းမိုးမှု ပေါင်းစပ်ကွပ်ကဲရေး စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း၊ အမှိုက်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် အထောက်အကူပြု ပစ္စည်းများ စုဆောင်းခြင်း၊ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ ဘေးအန္တရာယ်ဖြစ်စေသော အမှိုက်များ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အမှိုက်သရိုက် စီမံခန့်ခွဲရေး စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း၊ အမှိုက်မှ စွမ်းအင်စီမံကိန်း၊ လက်ရှိ ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ခြင်း စီမံကိန်း၊ ငလျင်ဒဏ်ခံနိုင်မှု စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ မီးဘေးအန္တရာယ် ကာကွယ်ရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြို့တော်စည်ပင ်နေရောင်ခြည် ဆိုလာစနစ် စတင်ဆောင်ရွက်ခြင်း စီမံကိန်းတို့ဖြစ်ကြောင်း သိရသည်။