ကမ္ဘာ့ရွှေဈေး ၁၃၆၁ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၅၇၀၀ အထိရောက်ရှိ

ကမ္ဘာ့ရွှေဈေး ၁၃၆၁ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၅၅၇၀၀ အထိရောက်ရှိ
Published 26 January 2018

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၆၁ ဒေါ်လာဝန်းကျင်အထိ ဆက်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၉၅၅၇၀၀ အထိ ပြန်လည်ရောက်ရှိခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှစတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက် တွင် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သည်။ အောက်တိုဘာ ၇ ရက်တွင် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၄ ရက်တွင် ၉၄၀၀၀၀ အထက် သို့ပြန်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက် တွင် ၉၃၀၆၀၀၊ အောက်တိုဘာ ၃၀ နှင့် နိုဝင်ဘာ ၁ ရက်တွင် ၉၂၉၂၀၀ အထိ ကျဆင်းခဲ့သည်။ နိုဝင်ဘာလဆန်းတွင် ကျပ် ၉၃၀၀၀၀ အောက်တွင်သာဆက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင်  ၉၃၆၂၀၀ အထိရောက်ရှိခဲ့ကာ ဒီဇင်ဘာ ၆ ရက်တွင် ၉၂၆၁၀၀၊ ဒီဇင်ဘာ ၁၉ ရက်တွင် ၉၁၇၇၀၀၊ ဒီဇင်ဘာ ၃၀ ရက် တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၉၅၀၇၀၀၊ ဇန်နဝါရီ ၂၅ ရက်တွင် ကျပ် ၉၅၅၇၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက အောက်တိုဘာလအတွင်း ပြည်တွင်းရွှေ ဈေးအနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၂၁၀၀ (အောက်တိုဘာ ၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၄၂၇၀၀ (အောက်တိုဘာ ၁၅ ရက်)၊ နိုဝင်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၂၆၉၀၀ (နိုဝင်ဘာ ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၃၆၂၀၀ (နိုဝင်ဘာ ၂၉ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၁၃၂၀၀ (ဒီဇင်ဘာ ၁၃ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၇၃၀၀ (ဒီဇင်ဘာ ၃၁ ရက်) တို့ ဖြစ်သည်။

ဒီဇင်ဘာလဆန်းတွင် ကမ္ဘာ့ရွှေဈေးသည် အကျပိုင်းသို့ရောက်ခဲ့ပြီး ဒီဇင်ဘာ ၈ ရက်တွင် ၁၂၄၅ ဒေါ်လာအထိ၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဒေါ်လာ ၁၂၃၈ အထိကျဆင်းခဲ့သည်။ ထို့နောက် ဒီဇင်ဘာ ၁၅ ရက်တွင် ၁၂၅၄ ဒေါ်လာ၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၀၆ ဒေါ်လာ၊ ဇန်နဝါရီ ၂ ရက်တွင် ဒေါ်လာ ၁၃၁၀၊ ဇန်နဝါရီ ၃ ရက်တွင် ၁၃၁၆ ဒေါ်လာ၊ ဇန်နဝါ ရီ ၅ ရက်တွင် ၁၃၂၅ ဒေါ်လာ၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၃၄၄ ဒေါ်လာဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်တွင် ၁၃၆၁ ဒေါ် လာဝန်းကျင် ဖြစ်ပေါ်ခဲ့သည်။