လုံခြုံရေးကောင်စီ၊ အထူးအစီရင်ခံစာ တင်သွင်းသူ၊ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင် ရာ မဟာမင်းကြီးနှင့် ကုလအတွင်းရေးမှူးချုပ် ၏ ပြောရေးဆိုခွင့်ရှိသူတို့၏ ထုတ်ပြန်ချက် များသည် တရားစီရင်ရေးနှင့် ပြည်တွင်းရေး ကို စွက်ဖက်ရာရောက်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ နိုင်ဂျာ အမြဲတမ်းကိုယ်စားလှယ် Mr.Abdou Abarry က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် သမ္မတဦးဝင်းမြင့်တို့အား ထောင်ဒဏ်ချ မှတ်ခံရခြင်းအပေါ် အလွန်အမင်းစိုးရိမ် ကြောင်းနှင့် ဖမ်းဆီးထားသူများကို အမြန်ဆုံး လွှတ်ပေးရန် ထုတ်ပြန်ခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားရုံး ရှေ့မှောက်တွင် မည်သူမဆို တန်းတူဖြစ်ပြီး တရားဥပဒေအထက်တွင် မည်သူမျှမရှိ ကြောင်း၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ် နိုင်ငံ၏ ပြည်တွင်းတရား စီရင်ပိုင်ခွင့်ရှိသည့် တရားရုံး၏ ဆုံးဖြတ်ချက်များအပေါ် တစ် ဖက်သတ်ဝေဖန်သုံးသပ်နေခြင်းမှာ သင့် လျော်မှုမရှိဘဲ မြန်မာနိုင်ငံ၏ တရားစီရင်ရေး နှင့် ပြည်တွင်းရေးကို စွက်ဖက်ရာရောက်သည် ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အလားတူ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး၊ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် ကုလသမဂ္ဂ ယာယီဌာနေကိုယ်စားလှယ် Mr.Ramanathan Balakrishnan တို့က ကြည့်မြင်တိုင် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ဘက်မှ ထုတ်ပြန်သည့် သတင်းကြေညာချက် များသည် ဖြစ်စဉ်အမှန်ကို ထင်ဟပ်ခြင်းမရှိ ဘဲ တိကျသေချာစွာ စိစစ်ထားခြင်းမရှိသော အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် သတင်းမှား များနှင့် မမှန်မကန် စွပ်စွဲချက်များကို ရည် ရွယ်ချက်ရှိရှိဖြင့် ကိုးကားထားကြောင်း၊ အ လားတူပင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သံရုံးအချို့ကလည်း တစ်ဖက်သတ်ကြေညာ ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် နိုင်ငံခြားသံရုံးများအနေ ဖြင့် အတည်မပြုရသေးသော သတင်းများအ ပေါ် တစ်ဖက်သတ်စွပ်စွဲချက်များ ဆက်လက် မပြုလုပ်ကြရန်၊ ကုလသမဂ္ဂ၏ စံနှုန်းများနှင့် ဗီယင်နာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာကြရန် တိုက်တွန်းကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။















