ဒေါ့မွန် နှင့် ဟမ်းဘတ် (၁၀-၂-၂၀၁၈) စနေ ည ၉း၀၀ နာရီ
ဘတ်ရှူအာယီက ဒေါ့မွန်အသင်းမှာ အဖွင့်ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးမှာခြေမမှန်ခဲ့တဲ့ ဘတ်ရှူအာယီကိုတော့ စောင့်ကြည့်ရဦးမယ်။ ဟမ်းဘတ်က တန်းဆင်းဇုန်ထဲက ရုန်းထွက်ဖို့ ကြိုးစားနေပေမယ့် အသင်းခြေစွမ်းပိုင်းမှာ အားနည်း ချက်များစွာရှိနေပါတယ်။ အဝေးကွင်းမညံ့တာလည်း ထည့်တွက်ရမယ်။ ဒေါ့မွန်ကိုပဲ ရွေးချင်တယ်။
ဟော်ဖန်ဟင်မ် နှင့် မိန့်ဇ် (၁၀-၂-၂၀၁၈) စနေ ည ၉း၀၀ နာရီ
နှစ်သင်းစလုံး ပွဲကျပ်တွေဆက်တိုက်ကစားခဲ့ရလို့ ရလဒ်ပိုင်းမှာ သက်ရောက်မှုရှိခဲ့ပါတယ်။ ဟော်ဖန်ဟင်မ်က မိန့်ဇ်ကို အိမ်ကွင်းမှာ (၃)ရာသီဆက် အနိုင်ကစားခဲ့တာပါ။ ဒါပေမဲ့ အမှတ်လိုအပ်မှုအပိုင်းကို ထည့်သွင်းစဉ်းစားရမယ်။ လက်ရှိမှာ မိန့်ဇ်က တန်းဆင်းဇုန်ထဲပြန်ရောက်ဖို့ နီးစပ်နေတယ်။ အမှတ်ပိုလိုတဲ့ မိန့်ဇ်နဲ့ပဲ စွန့်စားသင့်တယ်။
ဖရန့်ဖတ် နှင့် ကိုလုံး (၁၀-၂-၂၀၁၈) စနေ ည ၉း၀၀ နာရီ
ကိုလုံးအသင်းက ရှုံးပွဲပြန်တွေ့ခဲ့ရပေမယ့် ဒေါ့မွန်ကို အပြန်အလှန်ကစားနိုင်ခဲ့တယ်။ ဖရန့်ဖတ်ရဲ့အိမ်ကွင်းရလဒ်ပိုင်းက မယုံကြည်ရသေးလို့ ကိုလုံး သရေမျှော်လင့်နိုင်တယ်။
လေဗာကူဆင် နှင့် ဟာသာဘာလင် (၁၀-၂-၂၀၁၈) စနေ ည ၉း၀၀ နာရီ
ပြီးခဲ့တဲ့(၄)ရာသီဆက်တိုက် လေဗာကူဆင်က အိမ်ကွင်း မှာ ဟာသာဘာလင်ကို အနိုင်ကစားခဲ့တယ်။ လက်ရှိ လေဗာကူ ဆင်ရဲ့အားသာချက်က အမှားအယွင်းနည်းတယ်။ နိုင်သင့်တဲ့ပွဲတွေမှာလည်း အမှတ်မဆုံးရှုံးပါဘူး။ ဟာသာဘာလင်ကလည်း (၃)ပွဲဆက် သရေကစားထားတာ တွေ့ရတယ်။ ဂိုးပြတ်ရှုံးဖို့မရှိတဲ့ ဟာသာဘာလင်ကို အရဲစွန့်ရွေးချင်တယ်။
ဟန်နိုဗာ နှင့် ဖရိုင်းဘတ် (၁၀-၂-၂၀၁၈) စနေ ည ၉း၀၀ နာရီ
ဖရိုင်းဘတ်က (၉)ပွဲဆက်ရှုံးပွဲမရှိပေမယ့် နောက်ဆုံး(၅) ပွဲမှာ (၄)ပွဲသရေကျခဲ့တယ်။ ဒီတစ်ပွဲလည်း ဖရိုင်းဘတ် အမှတ် ခွဲယူသွားနိုင်တယ်။
ဘိုင်ယန်မြူးနစ် နှင့် ရှော်လ်ကေး (၁၀-၂-၂၀၁၈) စနေ ည ၁၂း၀၀ နာရီ
ဘိုင်ယန်မြူးနစ်အသင်းက နည်းပြဂျက်ဟေးနက်စ်လက်အောက်မှာ အရှိန်တော်တော်မြင့်နေပြီ။ အမှတ်ပေးပွဲ(၁၄)ပွဲမှာ (၁)ပွဲသာ အရေးနိမ့်ပြီး ကျန်(၁၃)ပွဲစလုံး အနိုင်ကစားခဲ့တယ်။ ဒီ(၁၃)ပွဲမှာ (၈)ပွဲက Clean Sheet ရခဲ့ပြီး နောက်ဆုံး(၈)ပွဲဆက်တိုက် နိုင်ပွဲဆက်ထားပါတယ်။ ပါဒါဘွန်းနဲ့ ကစားခဲ့တဲ့ ဂျာမန်ဖလားပွဲမှာ မူလာ ဒဏ်ရာရခဲ့ပေမယ့် သိပ်တော့ပြဿနာ မရှိပါဘူး။ တောင်ပံတိုက်စစ်မှာ ကိုးမန်း၊ ရီဘာရီ၊ ရော်ဘင်တို့ရှိနေလို့ ဂျက်ဟေးနက်စ်အတွက် ရွေးချယ်စရာများပါတယ်။ ဘိုင်ယန်က အခုရင်ဆိုင်ရမယ့် ရှော်လ်ကေးကို ပြိုင်ပွဲစုံနောက်ဆုံး(၁၆)ပွဲ ဆုံတွေ့ခဲ့ရာမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ (၁၃)ပွဲအထိ အနိုင်ကစားပြီး (၃)ပွဲသာ သရေကျခဲ့ပါတယ်။ လက်ရှိဘွန်ဒစ်လီဂါဒုတိယရာသီဝက်မှာလည်း ရှော်လ်ကေးက အကျဘက်ယိုင်နေတယ်။ တိုက်စစ်ပိုင်းမှာ ဟာရစ်တစ်ဦးသာ ပွဲထွက်ခွင့်သေချာပြီး အပြောင်းအလဲများလို့ အလုပ်မဖြစ်ပါဘူး။ ဘိုင်ယန်မြူးနစ် အမှတ်မလိုပေမယ့် အိမ်ကွင်းဖြစ်လို့ ဂိုးပြတ်နိုင်ဖို့များပါတယ်။