မန်ချက်စတာယူနိုက်တက်နှင့် အလက်ဆစ်ဆန်းချက်ဇ်တို့ကြားမှ အပြောင်းအရွှေ့နှင့်ပတ်သက်သည့် ခန့်မှန်းကိန်းဂဏန်းအချက်အလက်များ ထွက်ပေါ်

မန်ချက်စတာယူနိုက်တက်နှင့် အလက်ဆစ်ဆန်းချက်ဇ်တို့ကြားမှ အပြောင်းအရွှေ့နှင့်ပတ်သက်သည့် ခန့်မှန်းကိန်းဂဏန်းအချက်အလက်များ ထွက်ပေါ်
Published 18 January 2018

 

မန်ချက်စတာယူနိုက်တက်အသင်းနှင့် အလက်ဆစ်ဆန်းချက်ဇ်တို့ကြားမှ
အပြောင်းအရွှေ့နှင့်ပတ်သက်သည့် ကိန်းဂဏန်းအချက်အလက်များ
ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။

ယင်းကိန်းဂဏန်းအချက်အလက်များကိုဗြိတိန်မီဒီယာများဖြစ်သည့် Telegraph နှင့် Mirror တို့မှ ဖော်ပြခဲ့ခြင်းဖြစ်သည်။
Telegraph ၏ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်နှင့် အလက်ဆစ်ဆန်းချက်ဇ်တို့ကြားမှ (၄)နှစ်ခွဲသက်တမ်းရှိစာချုပ်တန်ဖိုးမှာ
ပေါင်သန်း (၁၈၀)ဝန်းကျင်ရှိနေကြောင်းသိရသည်။
ထို့ပြင် Mirrorက အလက်ဆစ်ဆန်းချက်ဇ်၏ တစ်နှစ်ဝင်ငွေ၊ တစ်လဝင်ငွေ၊
တစ်ပတ်ဝင်ငွေများကို ခန့်မှတ်တွက်ချက်ဖော်ပြခဲ့သည်။

အလက်ဆစ်ဆန်းချက်ဇ်၏ ဝင်ငွေခန့်မှန်းတွက်ချက်မှု

တစ်နှစ် - ပေါင် (၂၅ .၅)သန်း
တစ်လ - ပေါင် (၂ .၁)သန်း
တစ်ပတ် - ပေါင် (၄၉၀၀၀၀)
တစ်ရက် - ပေါင် (၇၀၀၀၀)
တစ်မိနစ် - (၄၈) ပေါင်
တစ်စက္ကန့် - ပေါင် (၀ .၈၀)ပေါင်

Most Read

Most Recent