ထိုင်းကို အနိုင်ရရန်ယုံကြည်မှုရှိဟု ဂတ်ဖရိုင်းဒရစ် ပြောကြား

ထိုင်းကို အနိုင်ရရန်ယုံကြည်မှုရှိဟု ဂတ်ဖရိုင်းဒရစ် ပြောကြား
Published 26 August 2017

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေ သည့် ထိုင်းအသင်းကို အနိုင်ရရန် ယုံကြည်မှု ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ဂတ် ဖရိုင်းဒရစ်က ဆီမီးဖိုင်နယ်တွင် တွေ့ဆုံနေ သည့် ထိုင်းအသင်းကို အနိုင်ရရန် ယုံကြည်မှု ရှိကြောင်း ပြောကြားခဲ့သည်။ ဂတ်ဖရိုင်းဒရစ်က "ကျွန်တော်တို့အသင်း က နားရက်အပြည့်အဝရထားပြီး အကောင်း ဆုံးပုံစံမှာ ရှိနေပါတယ်။ ထိုင်းအသင်းကတော့ အသင်းကောင်တစ်သင်းဆိုတာ ပြောစရာ တောင်မလိုပါဘူး။ ကျွန်တော်တို့အသင်းက ဆီမီးဖိုင်နယ်ရော ဗိုလ်လုပွဲအတွက်ပါ လုံ လောက်တဲ့ ကြံ့ခိုင်မှုတွေရှိတာကြောင့် အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။ နှစ်သင်း စလုံးအတွက် ခက်ခဲမယ့်ပွဲပါ။ ဗိုလ်လုပွဲတက် မယ်ဆိုရင်တော့ အိမ်ရှင်မလေးရှားအသင်း ကို ရှောင်ချင်ပါတယ်။ သူတို့က ခြေစွမ်းကောင်း သလို ပရိသတ်အားလည်း ရှိနေပါတယ်" ဟု ပြောကြားသည်။

မြန်မာ ယူ-၂၂ အသင်းသည် အုပ်စုပွဲစဉ်များတွင် လေးပွဲကစားရာ၌ သုံးပွဲ နိုင်၊ တစ်ပွဲရှုံး ရမှတ် ကိုးမှတ်ဖြင့် အုပ်စုဒုတိယ ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခြင်း ဖြစ်သည်။

ထိုင်းအသင်းမှာမူ အုပ်စုပွဲစဉ်များ တွင် ရှုံးပွဲမရှိခဲ့ဘဲ လေးပွဲနိုင်၊ တစ်ပွဲသရေ ၁၃ မှတ်ဖြင့် အုပ်စုပထမဖြင့် တက်ရောက်လာ ခြင်းဖြစ်သည်။ တတိယနေရာလုပွဲနှင့် ဗိုလ်လု ပွဲကို သြဂုတ် ၂၉ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်သည်။

Most Read

Most Recent