ဝက်စ်ဟမ်း ပရိသတ်များ အသင်းကို ဆန္ဒပြရန်စီစဉ်

ဝက်စ်ဟမ်း ပရိသတ်များ အသင်းကို ဆန္ဒပြရန်စီစဉ်
Published 15 March 2018

 

 

Photo: Telegraph

 

ဝက်စ်ဟမ်းအသင်းအားပေးသူ ပရိသတ်များသည် အသင်းဘုတ်အဖွဲ့အား ဆန္ဒပြရန် စီစဉ်လျက်ရှိကြောင်း Daily Star သတင်းစာက ဖော်ပြခဲ့သည်။

ယခု မတ်လ(၃၁)ရက်တွင် ကစားရန်ရှိသော ဝက်စ်ဟမ်း-ဆောက်သမ်တန်ပွဲမတိုင်မီ အသင်းဘုတ်အဖွဲ့ အား ဆန္ဒပြရန်အတွက် ဝက်စ်ဟမ်း အသင်းအားပေးသူအဖွဲ့အစည်း(၂)ခုက စည်းရုံးလှုံ့ဆော်မှုများပြုလုပ်နေ ကြောင်း သိရှိရသည်။

ဝက်စ်ဟမ်းပရိသတ်များသည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ဝက်စ်ဟမ်း(ဝ-၃)ဘန်လေပွဲတွင်လည်း အသင်းပိုင်ရှင်များကို ဆန့်ကျင်အော်ဟစ်မှုများပြုလုပ်ခဲ့ကြသည်။

Most Read

Most Recent