ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မိမိတို့ကို ပံ့ပိုးပေးရန် ပျက်ကွက်သည်ဟု စပါးနည်းပြ ပိုချက်တီနို ပြစ်တင်

ပရီးမီးယားလိဂ်တာဝန်ရှိသူများအနေဖြင့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် မိမိတို့ကို ပံ့ပိုးပေးရန် ပျက်ကွက်သည်ဟု စပါးနည်းပြ ပိုချက်တီနို ပြစ်တင်
Photos : AFP
Photos : AFP
Published 5 March 2019

စပါးနည်းပြ ပိုချက်တီနိုက ပရီးမီးယားလိဂ်တာဝန်ရှိသူများသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ရမည့် မိမိတို့ကိုပံ့ပိုးပေးရန် ပျက်ကွက်သည်ဟု ပြစ်တင်ပြောကြားခဲ့သည်။

စပါးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်တွင် ဒေါ့မွန်အသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရရှိထားခြင်းကြောင့် နောက်တစ်ဆင့်တက်ရောက်ရန် အလားအလာကောင်းနေပြီဖြစ်သော်လည်း ယခုတစ်ပတ်တွင် အဝေးကွင်း၌ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်သည်။

စပါးအသင်းသည် စနေနေ့တွင် အာဆင်နယ်အသင်းနှင့် လန်ဒန်ဒါဘီပွဲ ယှဉ်ပြိုင်ခဲ့ရပြီး အင်္ဂါနေ့တွင် ဒေါ့မွန်အသင်းနှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်၍ ပြင်ဆင်ချိန်ပြည့်ပြည့်ဝဝရရှိသည်မှာ တစ်ရက်သာရှိကြောင်းလည်း ပိုချက်တီနိုက ထောက်ပြခဲ့သည်။

ပိုချက်တီနိုက ''ကျွန်တော်တို့  ပြင် ဆင်ချိန်မရပါဘူး။ ဒေါ့မွန်အသင်းက ကျွန်တော်တို့ထက် အချိန်ပိုရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ဘွန်ဒစ်လီဂါပွဲကို သော ကြာနေ့မှာ ကစားခဲ့ရတာကြောင့်ပါ။ ကျွန်တော်တို့က စနေနေ့မှ ကစားရပါတယ်။ ဒီအကြောင်း အများကြီးမပြောချင်ပေမယ့် ဒီလိုခက်ခဲတဲ့ပွဲတစ်ပွဲ ကစားခဲ့ရတဲ့နောက်မှာ က စားသမားတွေအနေနဲ့ လုံလောက်တဲ့အနားယူချိန် လိုအပ်ပါတယ်။ ပြီးတော့ ဒါဘီပွဲဆိုတာ သာမန်ပွဲတွေနဲ့ မတူပါဘူး။ ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာ စွမ်းအင်တွေလည်း အများကြီး အသုံးပြုရတာပါ။ တာဝန်ရှိသူတွေအနေ နဲ့ ပြည်တွင်းပြိုင်ပွဲကိုသာမက ဥရောပပွဲတွေအတွက်လည်း စဉ်းစားပေးဖို့ လိုပါတယ်။ FA နဲ့ ပရီးမီးယားလိဂ်အနေနဲ့ ကျွန်တော်တို့ကို ဒီထက်အကူအညီပေးဖို့ လိုအပ်တယ်လို့ ထင် ပါတယ်။ လိုအပ်တဲ့အပြောင်းအလဲတွေ ပြုလုပ်ပေးနိုင်ခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အင်္ဂလန်ကလပ်တွေ ပိုပြီးစွမ်းဆောင်နိုင်လိမ့်မယ်လို့လည်း ထင်ပါတယ်''ဟု ပြောကြားခဲ့သည်။

Most Read

Most Recent