မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲကစားရန် MFF ဆောင်ရွက်လျက်ရှိ

မြန်မာ့လက်ရွေးစင်အသင်း နိုင်ငံတကာခြေစမ်းပွဲကစားရန် MFF ဆောင်ရွက်လျက်ရှိ
Photos : EMG
Photos : EMG
Published 31 December 2018

MFF အနေဖြင့် မတ်နှင့် ဇွန်လတွင် နိုင်ငံ တကာခြေစမ်းပွဲများ ကစားနိုင်ရန် ဆောင် ရွက်နေခြင်းဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှအသင်းများကို ဖိတ်ကြားသွားမည်ဖြစ်သည်။ 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၁၉ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် အသင်း နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားရန် ဆောင်ရွက်နေပြီဖြစ်ပြီး အသင်း များအား ဖိတ်ကြားမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

MFF သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ သတ်မှတ်ထားသည့် နိုင်ငံတကာ ပွဲကစားရမည့်ရက်များတွင် ခြေစမ်းပွဲများ ကစားနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ 

FIFA၏ဘောလုံးပြက္ခဒိန်တွင် နိုင်ငံတကာပွဲ ကစားမည့်ကာလကို ငါးကြိမ်သတ်မှတ်ထား ပြီး မတ်၊ ဇွန်၊ စက်တင်ဘာ၊ အောက်တိုဘာနှင့် နိုဝင်ဘာတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

MFF အနေဖြင့် မတ်နှင့် ဇွန်လတွင် နိုင်ငံ တကာခြေစမ်းပွဲများ ကစားနိုင်ရန် ဆောင် ရွက်နေခြင်းဖြစ်ပြီး အာရှနှင့် အရှေ့တောင်အာရှအသင်းများကို ဖိတ်ကြားသွားမည်ဖြစ်သည်။ 

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲကစားရန် ဖိတ်ကြားလာပါက ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သည်။ 

MFF အနေဖြင့် မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာခြေစမ်းပွဲများကစားရန် စီစဉ် ဆောင်ရွက်လျက်ရှိသလို မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ခန့်အပ်နိုင်ရန်အတွက်ပါ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ 

MFF သည် ယခင် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးနှင့် လမ်းခွဲခဲ့သော ကြောင့် လစ်လပ်လျက်ရှိသည့် နည်းပြချုပ် နေရာတွင် နည်းပြသစ်တစ်ဦး အမြန်ဆုံးခန့် အပ်နိုင်ရန် ဆောင်ရွက်နေပြီး ဇန်နဝါရီလကုန်တွင် အပြီးသတ်ခန့်အပ်မည်ဖြစ်သည်။ 

MFF အနေဖြင့် မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ်သစ်ကို နိုင်ငံခြားသား နည်းပြသာ ခန့်အပ်မည်ဖြစ်ပြီး ဇန်နဝါရီတွင် ပဏာမအဆင့်ရွေးချယ်ကာ ဆောင်ရွက်မည် ဖြစ်သည်။