စပိန်လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 29 September 2024

ဆယ်လ်တာဗီဂို - ဂျီရိုနာ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

ဆယ်လ်တာဗီဂိုရဲ့ အိမ်ကွင်းတိုက်စစ်အစွမ်းကို တည်ငြိမ် မှုအားနည်းနေသေးတဲ့ ဂျီရိုနာတို့ ပွဲချိန်ပြည့်တောင့်ခံကစားဖို့ ခက်နေဦးမှာသေချာတယ်။ ဂျီရိုနာရဲ့ ဒီရာသီအဝေးကွင်းခြေစွမ်း ကလည်း သိသိသာသာလျော့ကျသွားလို့ ဘလိုင်ဒေါ့စ်မှာ အိမ် ရှင်ဆယ်လ်တာဗီဂိုကို ဂျီရိုနာရင်ဆိုင်နိုင်ဖု့ိမလွယ်လှဘူး။ ဆယ်လ် တာဗီဂိုကတော့ တိုက်စစ်ဟန်ချက်ကိုဆက်ထိန်းနိုင်ဖို့ကြိုးစား လာမှာပါ။ ဆယ်လ်တာဗီဂိုနဲ့ ဂိုးအများပဲရွေးထားချင်တယ်။

ဘီလ်ဘာအို - ဆီဗီလာ (တနင်္ဂနွေည ၈း၄၅ နာရီ)

ဘီလ်ဘာအိုကတော့ တရွေ့ရွေ့နဲ့ပွဲစဉ် (၆)အပြီးမှာအ ဆင့် (၃)အထိရောက်လာတယ်။ ကစားပုံကလည်းတစ်ပွဲပြီးတစ် ပွဲပိုငြိမ်လာနေပြီး အိမ်ကွင်းမှာတိုက်စစ်စွမ်းပိုပြနေနိုင်တယ်။ ဝီ လီယံစ်ညီအစ်ကိုနဲ့ ဆန်ဆက်တို့ရဲ့တိုက်စစ်တွဲလုံးတွေက လည်း အိမ်ကွင်းဆိုရင်ပိုထိရောက်မှုရှိပြီး ရဲရဲရင့်ရင့်ကစားတတ် လို့ ရာသီအစကနေခုထိခြေမငြိမ်သေးတဲ့ ဆီဗီလာအတွက်ခက် ခဲဦးမှာပါ။ ဘီလ်ဘာအိုနဲ့ ဂိုးအများပဲရွေးထားသင့်တယ်။

ဘက်တစ် - အက်စ်ပန်ညို (တနင်္ဂနွေည ၁၁း၀၀ နာရီ)

အက်စ်ပန်ညိုရဲ့ လတ်တလောခြေစွမ်းနဲ့ အဝေးကွင်းက စားအားက အိမ်ရှင်ဘက်တစ်ကို ယှဉ်ကစားနိုင်ဖို့မလွယ်ကူပါ ဘူး။ ဘက်တစ်က ကစားပုံပိုငြိမ်လာပြီး အိမ်ကွင်းဆိုရင်လည်း အမှားနည်းအောင်ကစားတတ်ပါတယ်။ ဘက်တစ်နဲ့ဂိုးအနည်း ပဲကောင်းလိမ့်မယ်။

အက်သလက်တီကို - ရီးယဲလ်မက်ဒရစ် (တနင်္လာနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုကတော့ အိမ်ကွင်းမှာအဆိပ်ပြင်း တယ်။ အာဂျင်တိုင်းသားတွေရဲ့စုဖွဲ့မှုနဲ့ အက်သလက်တီကိုရဲ့ အိမ်ကွင်းတိုက်စစ်ကစားပုံကလည်း အားကောင်းနေပြီး ဂိုးတွေ လည်းရှိနေတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ အဝေးကွင်းမှာ အင်အားတောင့်တင်းတဲ့အသင်းတစ်သင်းနဲ့ အခုမှစတွေ့တာ လို့ပြောနိုင်တယ်။ ရီးယဲလ်ရဲ့အိမ်ကွင်းကစားပုံကစားအားကမ ဆိုးလှပေမယ့် အဝေးကွင်းကစားပုံကစိတ်မချရသေးဘူး။ အထူး သဖြင့် လူမစုံသေးတဲ့ခံစစ်ပိုင်းက အဝေးကွင်းမှာပိုပြီးအားနည်း နေတတ်တယ်။ ဒါ့ပြင် အိမ်ရှင်အက်သလက်တီကိုရဲ့ မာမာကျော ကျောကစားနိုင်မှုကလည်း ရီးယဲလ်မက်ဒရစ်ကိုအခက်တွေ့စေ ဦးမယ်ထင်တယ်။ ရီးယဲလ်တိုက်စစ်ကပယ်နယ်တီသွင်းဂိုးတွေ နဲ့ ရှင်သန်သလိုဖြစ်နေသလို ဒီပွဲမှာဘာပေမပါနိုင်တာကလည်း အားနည်းချက်ပါ။ အက်သလက်တီကိုနဲ့ ဂိုးအနည်းပဲရွေးမယ်။

Most Read

Most Recent