ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသူများအား MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် အားပေး

ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသူများအား MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံ အောင်လအန်ဆန် အားပေး
Published 25 August 2017

ဘက်စုံကိုယ်ခံပညာသုံးတိုက်ခိုက်ရေး ပြိုင်ပွဲ MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန် ပီယံ အောင်လအန်ဆန်သည် မလေးရှားဆီး ဂိမ်းစ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိ သည့် မြန်မာအားကစားသမားများအား Facebook စာမျက်နှာမှတစ်ဆင့် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ယင်းအားပေး စကားပြောကြားမှုဗီဒီယိုဖိုင်အား သြဂုတ် ၁၈ ရက်ကတည်းက လွှင့်တင်ထားခြင်းဖြစ်ပြီး ''အခုလာမယ့် ဆီးဂိမ်းစ်မှာသွားပြိုင်မယ့် မြန်မာကစားသမားအားလုံးကို ကြိုးစားပါလို့ ပြောချင်ပါတယ်။ အားလုံးကို အရမ်းဂုဏ်ယူ တယ်။ ရွှေတံဆိပ်ရအောင် ကြိုးစားပါ။ Myanmar GoFor Gold''ဟု ပြောကြားထား သည်။ အောင်လအန်ဆန်သည် ကချင်ပြည် နယ် မြစ်ကြီးနားမြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး လက်ရှိတွင် အမေရိကန်နိုင်ငံ၌နေထိုင်ကာ MMA ပြိုင်ပွဲများ ယှဉ်ပြိုင်လျက်ရှိသည်။

အောင်လအန်ဆန်သည် ဇွန် ၃၀ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပသည့် မစ် ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်အား အမှတ်ဖြင့်အနိုင်ယူကာ ချန် ပီယံဆုအား ပထမဆုံးအကြိမ် ဆွတ်ခူးရယူ နိုင်ခဲ့သည်။

Most Read

Most Recent