စီရော်နယ်လ်ဒိုနှင့် တွေ့ဆုံရမည်ဖြစ်၍ ပျော်ရွှင်မိကြောင်း ယန်းဘွိုင်းစ်အသင်းနည်းပြ ဆီယိုနီ ဆို

စီရော်နယ်လ်ဒိုနှင့် တွေ့ဆုံရမည်ဖြစ်၍ ပျော်ရွှင်မိကြောင်း ယန်းဘွိုင်းစ်အသင်းနည်းပြ ဆီယိုနီ ဆို
Photo: Getty Images
Photo: Getty Images
Published 12 December 2018

 

ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်အသင်း၏ နည်းပြဖြစ်သူ ဆီယိုနီက မိမိတို့အနေဖြင့် ဂျူဗင်တပ်စ်အသင်းနှင့် ကစားမည့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ခက်ခဲမည်ဖြစ်သော်လည်း စီရော်နယ်လ်ဒိုနှင့် ဆုံစည်းရမည်ဖြစ်၍ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။

ယန်းဘွိုင်းစ်အသင်းသည် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၆) အဖြစ် ဒီဇင်ဘာလ(၁၂) ရက်နေ့တွင် ဂျူဗင်တပ်စ်အသင်းကို အိမ်ကွင်းတွင် လက်ခံယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဆီယိုနီက ဂျူဗင်တပ်စ်အသင်းနှင့် ယှဉ်ပြိုင်ရခြင်းမှာ ယန်းဘွိုင်းစ်အသင်းအတွက် အခွင့်အရေးကောင်းဖြစ်ပြီး မိမိတို့အနေဖြင့် အနည်းဆုံးရမှတ် (၁) မှတ်ယူနိုင်ရန် ကြိုးစားမည်ဟုလည်း ဆိုခဲ့သည်။

ဆီယိုနီက '' အသင်းအတွက် တကယ်ကိုကောင်းမွန်တဲ့နေ့တစ်နေ့ပါပဲ။ ကျွန်တော်တို့ သူတို့ (ဂျူဗင်တပ်စ်) ဆီက အနိမ့်ဆုံးတစ်မှတ်ယူဖို့ကြိုးစားမှာပါ။ ဒီပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ သူ (စီရော်နယ်လ်ဒို) နဲ့ရင်ဆိုင်ရမှာက ကျွန်တော်တို့အတွက် တကယ်ပျော်စရာပါပဲ'' ဟု ပြောကြားခဲ့သည်။

ယန်းဘွိုင်းစ်အသင်းသည် ပထမအကျော့ ဂျူဗင်တပ်စ်အသင်း၏အိမ်ကွင်းတွင် သွားရောက်ကစားစဉ်က စီရော်နယ်လ်ဒိုမှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် ယင်းပွဲတွင် ပါဝင်နိုင်ခဲ့ခြင်းမရှိပေ။

ယန်းဘွိုင်းစ်အသင်းသည် အုပ်စု (၅) ပွဲကစားပြီးချိန်တွင် ရမှတ် (၁) မှတ်သာရရှိထားပြီး အုပ်စုနောက်ဆုံးနေရာတွင် ရပ်တည်ရန်သေချာခဲ့ပြီဖြစ်သည်။

Most Read

Most Recent