ဂရီးဇ်မန်းကို ခေါ်ယူလိုသည်ဟု အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ် ပြောကြား

ဂရီးဇ်မန်းကို ခေါ်ယူလိုသည်ဟု အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ် ပြောကြား
Photo: Getty Images
Photo: Getty Images
Published 9 November 2018

 

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်က အက်သလက်တီကိုမက်ဒရစ်အသင်း တိုက်စစ်မှူး ဂရီးဇ်မန်းကို ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။

အသက် (၂၇)နှစ်အရွယ်ရှိ ဂရီးဇ်မန်းက အင်္ဂလန်ကွင်းလယ်လူဟောင်း ဒေးဗစ်ဘက်ခမ်မှာ ၎င်း၏ စံပြကစားသမားဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်တွင် မေဂျာလိဂ်ပြိုင်ပွဲ၌ စတင်ယှဉ်ပြိုင်မည့် ဘက်ခမ်၏ အင်တာမိုင်ယာမီအသင်းသို့ ပြောင်းရွှေ့ကစားလိုသည်ဟု ဝန်ခံထားသူဖြစ်သည်။

ဒေးဗစ်ဘက်ခမ်သည် အင်တာမိုင်ယာမီအသင်းအတွက် နာမည်ကျော်ကစားသမားများကို ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ယင်းထဲတွင် ဂရီးဇ်မန်းလည်း ပါဝင်ကြောင်း သိရသည်။

ဒေးဗစ်ဘက်ခမ်က "နာမည်ကျော်ကစားသမားတွေက ကိုယ့်အသင်းမှာ လာကစားချင်တယ်လို့ ကြားရတာ တကယ်ကို ကောင်းပါတယ်။ ဂရီးဇ်မန်းက အရမ်းတော်တဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော်က သူ့ပရိသတ်ဖြစ်သလို သူကလည် ကျွန်တော့် ပရိသတ်ဖြစ်ပါတယ်။ ဒီတော့ တစ်နေ့ အင်တာမိုင်ယာမီအသင်းမှာ ဂရီးဇ်မန်းကို မြင်တွေ့ရနိုင်ပါတယ်။ ကျွန်တော်တို့ သူ့လိုကစားသမားကို အလိုရှိပါတယ်"ဟု ပြောကြားခဲ့သည်။

အင်တာမိုင်ယာမီအသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်သည် ဂရီးဇ်မန်းသာမက မက်ဆီ၊ စီရော်နယ်လ်ဒိုတို့ကိုလည်း အသင်းသို့ ခေါ်ယူရန် စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် ဒေးဗစ်ဘက်ခမ်၏ အင်တာမိုင်ယာမီအသင်းသည် အိမ်ကွင်းဆောက်လုပ်ရေးအတွက် မိုင်ယာမီမြို့တော် စည်ပင်ပိုင်ဆိုင်သည့် ဂေါက်ကွင်းကို နှစ်အကန့်အသတ်ဖြင့် ငှားရမ်းခွင့်အတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းခွင့်ရရှိထားကြောင်း သိရသည်။

Most Read

Most Recent