ဆီဂတ်ဒ်ဆန်ကို ပေါင် (၄၅)သန်းဖြင့် အဲဗာတန်ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်မည်

ဆီဂတ်ဒ်ဆန်ကို ပေါင် (၄၅)သန်းဖြင့် အဲဗာတန်ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်မည်
Published 17 August 2017

အဲဗာတန်အသင်းသည် ဆွမ်ဆီးအသင်းမှ အိုက်စလန်ကွင်းလယ်လူ ဆီဂတ်ဒ်ဆန်ကို ပေါင် (၄၅)သန်းဖြင့်
ခေါ်ယူနိုင်ခဲ့ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်။
ဆီဂတ်ဒ်ဆန်သည် ဗုဒ္ဓဟူးနေ့၌ အဲဗာတန်အသင်းနှင့် ဆေးစစ်ဆေးမှုခံယူခဲ့ပြီး အဆင်ပြေချောမွေ့ခဲ့ကြောင်း
အဲဗာတန်အသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက အတည်ပြုခဲ့သည်။
ဆီဂတ်ဒ်ဆန်သည် အဲဗာတန်အသင်း၏ လက်ရှိနွေရာသီ (၇)ဦးမြောက်ကစားသမားခေါ်ယူမှု
ဖြစ်ပြီး ယင်းမတိုင်မီက ရွန်နီ၊ ပစ်ဖို့ဒ်၊ ကလာဆဆန်၊ မိုက်ကယ်ကင်း၊ မာတီနာနှင့် ရာမီရက်ဇ်
တို့ကို ခေါ်ယူထားပြီးပေါင်သန်း (၁၀၀)နီးပါးအသုံးပြုထားသည်။

အဲဗာတန်အသင်းသမိုင်းတစ်လျှောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံးဖြင့် ခေါ်ယူမှုမှာ
လူကာကူကို ၂၀၁၄ခုနှစ်တွင် ပေါင် (၃၁ .၈)သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး
ယခုအခါ ဆီဂတ်ဒ်ဆန်သည် အဲဗာတန်အသင်း၏ ပြောင်းရွှေ့ကြေးအမြင့်ဆုံးကစားသမား
ဖြစ်လာခဲ့သည်။

Most Recent