အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်နိုင်သည်ဟု အသင်းခေါင်းဆောင် ဟာရီကိန်း ပြောကြား

အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ချန်ပီယံဖြစ်နိုင်သည်ဟု အသင်းခေါင်းဆောင် ဟာရီကိန်း ပြောကြား
Published 23 May 2018

Photo: Getty Images

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းသည် ၎င်းတို့အနေဖြင့် ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ဟာရီကိန်းက ယခုရာသီတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သည့် လီဗာပူးလ်အသင်းကို ဥပမာပေးကာ ၎င်းတို့အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်သည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဟာရီကိန်းက "ကျွန်တော်တို့ဟာ ရေပန်းစားတဲ့ အသင်းတွေထဲမှာ မပါပေမယ့် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်တယ်လို့ ထင်ပါတယ်။ ဒီရာသီကိုပဲ ကြည့်ကြည့်ပါ။ လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်လုပွဲအထိ ရောက်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် လီဗာပူးလ်အသင်းက စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့လည်း အဲဒီလိုလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု ပြောဆိုခဲ့သည်။

ဟာရီကိန်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို ဦးဆောင်မည့် အသက်အငယ်ဆုံးအသင်းခေါင်းဆောင်အဖြစ် (၂၄)နှစ်၊ (၃၂၅)ရက်ဖြင့် မှတ်တမ်းသစ် ရေးထိုးနိုင်မည် ဖြစ်သည်။

ယခင်က ယင်းစံချိန်ကို ပိုင်ဆိုင်ထားသူမှာ အင်္ဂလန်အသင်း၏ ဂန္ထဝင်နောက်ခံလူ ဘော်ဘီမိုးဖြစ်ပြီး ၁၉၆၆ ကမ္ဘာ့ဖလားတွင် (၂၅)နှစ်၊ (၈၁)ရက်ဖြင့် စံချိန်တင်ထားခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent