ဂျပန်သို့ တိုင်ဖွန်း နန်းမဒေါ် ဝင်တိုက်ခဲ့ရာ လေယာဉ်ခရီးစဉ်များ ဖျက်ခဲ့ရပြီး လူသုံးဦးဒဏ် ရာရ

ဂျပန်သို့ တိုင်ဖွန်း နန်းမဒေါ် ဝင်တိုက်ခဲ့ရာ လေယာဉ်ခရီးစဉ်များ ဖျက်ခဲ့ရပြီး လူသုံးဦးဒဏ် ရာရ
Published 6 July 2017

ဂျပန်သို့ ဇူလိုင် ၄ ရက်က တိုင်ဖွန်း မုန်တိုင်းတစ်လုံး ဝင်ရောက်တိုက်ခတ်ခဲ့ရာ လေယာဉ်ခရီးစဉ် ဒါဇင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရပြီး ဒဏ်ရာရသူ သုံးဦးထက်မနည်း ရှိခဲ့သည်။ အာဏာပိုင်များကမူ ရေကြီး၊ မြေပြိုမှုများ ဖြစ်လာမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် သတိပေးချက် ထုတ်ပြန်ခဲ့ကြသည်။

တိုင်ဖွန်းနန်းမဒေါ်သည် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းရှိ အဓိက ကျွန်းကြီး ကျူရှူးပေါ်မှ နာဂါဆာကီမြို့သို့ ဦးစွာ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။ တိုင်ဖွန်း၏ တစ်နာရီ လေတိုက်နှုန်းသည် ၁၄၄ ကီ လိုမီတာ (၈၉ မိုင်) ရှိကြောင်း သိရသည်။ တိုင်ဖွန်းကြောင့် ပြည်တွင်းလေကြောင်း ခရီးစဉ် ၄၇ ခုထက်မနည်း ဖျက်သိမ်းခဲ့ရကာ ခရီးသည် ၃၀၀၀ ဝန်းကျင်ကို  သက်ရောက်မှုရှိခဲ့သည်ဟု လေကြောင်းလိုင်းကုမ္ပဏီများက ထုတ်ပြန်ခဲ့ကြသည်။

Most Read

Most Recent