ဗင်နီစီယပ်စ်အတွက် ယူရိုသန်း(၁၆၀)အောက် ကမ်းလှမ်းမှုကို ရီးယဲလ်အသင်း လက်ခံစဉ်းစားမှာ မဟုတ်

ဗင်နီစီယပ်စ်အတွက် ယူရိုသန်း(၁၆၀)အောက် ကမ်းလှမ်းမှုကို ရီးယဲလ်အသင်း လက်ခံစဉ်းစားမှာ မဟုတ်
Photo: X
Photo: X
Published 27 July 2026

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘရာဇီးလ်တောင်ပံကစားသမား ဗင်နီစီယပ်စ်အတွက် ယူရိုသန်း(၁၆၀)အောက် ကမ်းလှမ်းမှုကို လက်ခံစဉ်းစားမှာမဟုတ်ကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းဟာ ဗင်နီစီယပ်စ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာကြောင့် သက်တမ်းမတိုးနိုင်ခဲ့ရင် ရောင်းထုတ်ဖို့ စီစဉ်ထားပေမဲ့ ပြောင်းရွှေ့ကြေးကိုတော့ အနည်းဆုံးယူရိုသန်း(၁၆၀) ရရှိဖို့ လိုလားနေကြောင်း သိရပါတယ်။

ဗင်နီစီယပ်စ်ကို ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေကြသလို၊ လက်ရှိအချိန်မှာ အာဆင်နယ်အသင်းက ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သတင်းထွက်လာပါတယ်။

အာဆင်နယ်အသင်းက တိုက်စစ်ပိုင်းအတွက် ကမ္ဘာ့အဆင့်ကစားသမား ခေါ်ယူဖို့ ပစ်မှတ်ထားနေခြင်းဖြစ်ပြီး ဗင်နီစီယပ်စ်ကို ရီးယဲလ်အသင်းမှာ ရရှိနေတဲ့ လစာနှုန်းထားထက် ပိုမိုတဲ့ပမာဏနဲ့ ကမ်းလှမ်းဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။

ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းမှာ တစ်ပတ်ပေါင်(၄၀၀၀၀၀)ဝန်းကျင်ရရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းကို ရောက်ရှိခဲ့မယ်ဆိုရင် လစာအများဆုံးကစားသမား ဖြစ်လာမှာပါ။

လက်ရှိအာဆင်နယ်အသင်းမှာ လစာအများဆုံးရရှိနေတဲ့ ကစားသမားက တစ်ပတ်ပေါင်(၃၆၅၀၀၀)ရရှိနေတဲ့ အင်္ဂလန်ကစားသမား ဆာကာ ဖြစ်ကြောင်း သိရပါတယ်။

 

Most Read

Most Recent