ကိုလိုကိုလိုအသင်းမှာ ဗော်ဇင်ညာ တစ်လဒေါ်လာ(၂၅၀၀၀) ရရှိမယ်

ကိုလိုကိုလိုအသင်းမှာ ဗော်ဇင်ညာ တစ်လဒေါ်လာ(၂၅၀၀၀) ရရှိမယ်
Photo: X
Photo: X
Published 27 July 2026

ချီလီကလပ် ကိုလိုကိုလိုအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ကိတ်ဗက်ဂိုးသမား ဗော်ဇင်ညာဟာ တစ်လဒေါ်လာ(၂၅၀၀၀) ရရှိမယ်လို့ သိရပါတယ်။

ဗော်ဇင်ညာဟာ ပေါ်တူဂီဒုတိယတန်းကလပ် ချာဗက်စ်အသင်းမှာ ကစားခဲ့တုန်းက တစ်လဒေါ်လာ(၉၀၀၀)သာ ရရှိခဲ့ကြောင်း သိရပါတယ်။

ဗော်ဇင်ညာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာပဲ ချာဗက်စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တာကြောင့် ကလပ်အသင်းလက်မဲ့ကစားသမားအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွှဲခဲ့ရတာပါ။

အသက်(၄၀)ရှိပြီဖြစ်တဲ့ ဗော်ဇင်ညာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်စွမ်းပြခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုရရှိခဲ့သလို၊ ကိုလိုကိုလိုအသင်းကလည်း ခေါ်ယူစာချုပ်ခဲ့တာဖြစ်ပါတယ်။

ဗော်ဇင်ညာက မိမိအနေနဲ့ ဘောလုံးကို ချစ်တာကြောင့် အသက်(၄၀)အထိ ကစားနေခြင်းဖြစ်ကြောင်းနဲ့ နောက်ထပ် အနည်းဆုံးတစ်နှစ်၊ နှစ်နှစ်လောက် ဆက်ကစားသွားလိုသေးကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူ့ကို စျေးကွက်သဘောအရ မဟုတ်ဘဲ ဘောလုံးသမားတစ်ယောက်အဖြစ် စိတ်ဝင်စားတဲ့အသင်းနဲ့သာ စာချုပ်ချုပ်ဆိုလိုကြောင်းလည်း ပြောကြားခဲ့ဖူးပါတယ်။

Most Read

Most Recent