စစ်ပွဲ ပြန်လည်ဖြစ်ပွားသောကြောင့် အမေရိကန်က အီရန်ကို ဆင့်ကဲတိုက်ခိုက်မှုများ လုပ်ဆောင်

စစ်ပွဲ ပြန်လည်ဖြစ်ပွားသောကြောင့် အမေရိကန်က အီရန်ကို ဆင့်ကဲတိုက်ခိုက်မှုများ လုပ်ဆောင်
Published 15 July 2026

​အမေရိကန်က အီရန်ကိုရေ‌ကြောင်းပိတ်ဆို့မှု ပြန်လည်လုပ်ဆောင်ပြီးနောက် ဇူလိုင် ၁၅ ရက်တွင် အီရန်၏ပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ဆင့်ကဲလုပ်ဆောင်ခဲ့သောကြောင့် ရန်ဘက်နှစ်နိုင်ငံ စစ်ပွဲ ပြန်လည်ဖြစ်ပွားသည်။

ဖေဖော်ဝါရီလကုန်တွင် စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းစစ်ပွဲကို အဆုံးသတ်ရန် နှစ်ဖက်သဘောတူညီချက် (MOU) လက်မှတ်ရေးထိုးခဲ့ပြီးနောက် တစ်လခန့်အကြာတွင် ဒေသတွင်းရှိ ပစ်မှတ်များကို အပြန်အလှန် ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲများ ပြန်လည်ခေါင်းထောင်လာခြင်း ဖြစ်သည်။

​အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဘာရိန်းနိုင်ငံရှိ အမေရိကန်၏ ပ ဉ္စမံရေတပ်စုကို ဦးတည်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အရပ်သားပစ်မှတ်များကိုတိုက်ခိုက်မှုများအား ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်ဟု အမေရိကန်စစ်တပ်ကပြောကြားခဲ့သည်။

ထို့အပြင် ဂျော်ဒန်စစ်တပ်ကလည်း အီရန်နိုင်ငံဘက်မှ ပစ်လွှတ်လိုက်သော ဒုံးကျည် သုံးစင်းကို ပစ်ချနိုင်ခဲ့သည်ဟု ပြောကြားသည်။

​တစ်ချိန်တည်းမှာပင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အစိုးရသည်ဆွေးနွေးပွဲစားပွဲဝိုင်းသို့ ပြန်မလာပါက လာမည့်သီတင်းပတ်အတွင်း တိုက်ခိုက်မှုများကို တိုးမြှင့်ကာ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကိုပါ ပစ်မှတ်ထားသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။

​"လာမယ့်အပတ်ကျရင် သူတို့အတွက် အခြေအနေက တကယ့်ကို ဆိုးရွားသွားလိမ့်မယ်" ဟု သမ္မတထရန့်က Fox News သတင်းဌာနသို့ ပြောကြားခဲ့သည်။

​ယခုကဲ့သို့ စစ်ရေးအရ အပြန်အလှန် တိုက်ခိုက်မှုများ ရှိနေသော်လည်း နှစ်နိုင်ငံအတွက် ကြားဝင်စေ့စပ်ပေးနေသည့် ဆွေးနွေးပွဲများသည် တရားဝင် ပျက်ပြားသွားခြင်းမရှိသေးပေ။

​ယခုတစ်ကြိမ် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရင်းမှာ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးအတွက် အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြား ထိန်းချုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုများကြောင့် ဖြစ်သည်။

Ref:AFP

AFP photos

Most Read

Most Recent