■ စက်သုံးဆီနှင့် စားသုံးဆီများ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ များစွာသုံးစွဲနေရပြီး တင်သွင်းမှု လျှော့ချနိုင်ရန်အတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

■ စက်သုံးဆီနှင့် စားသုံးဆီများ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ များစွာသုံးစွဲနေရပြီး တင်သွင်းမှု လျှော့ချနိုင်ရန်အတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Published 8 July 2026

■ စက်သုံးဆီနှင့် စားသုံးဆီများ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ များစွာသုံးစွဲနေရပြီး တင်သွင်းမှု လျှော့ချနိုင်ရန်အတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

■ EV မော်တော်ယာဉ်များကို ပြည်တွင်း၌ပင် အစအဆုံး အောင်မြင်စွာထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်လို

 

စက်သုံးဆီနှင့် စားသုံးဆီများ နှစ်စဉ်တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ များစွာသုံးစွဲနေရပြီး တင်သွင်းမှု လျှော့ချနိုင်ရန်အတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင် ၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။

မိမိတို့နိုင်ငံအနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီများကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေများ များစွာသုံးစွဲရလျက်ရှိကြောင်း၊စက်သုံးဆီနှင့် စားသုံးဆီများကိုတင်သွင်းမှု လျှော့ချနိုင်ရန်အတွက်နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် စက်သုံးဆီသုံးစွဲမှုများကို လျှော့ချနိုင်ရန် ပြည်ပမှတင်သွင်းရန်မလိုသည့် ကျောက်မီးသွေးကို အသုံးပြု၍ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်နိုင်သကဲ့သို့ 

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အလားတူ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရန်အတွက် အများပြည်သူသယ်ယူပို့ဆောင်ရေး၊ကုန်စည်ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည့် မီးရထားခရီးစဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲခြင်း၊ ရထားလမ်းများနှင့် မီးရထားများအဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ထို့ပြင်င် နိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ဘတ္ထရီစနစ်သုံးရထား စက်ခေါင်းများကို တပ်ဆင်ထုတ်လုပ်အသုံးပြုလျက်ရှိပြီး ထပ်မံ၍လည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊

ထိုသို့ဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပမှ စက်သုံးဆီတင်သွင်းနေရမှုများကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံစီးပွားတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းမှအထောက်အကူပြုမည်ဖြစ်ကြောင်း

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ် EV ကားများနှင့်ပတ်သက်၍ ပြည်ပမှ တင်သွင်းခြင်းအစား ပြည်တွင်း၌ အစမှအဆုံး အလုံးစုံတပ်ဆင်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်သွားနိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများနှင့် နည်းပညာများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ EV ကားများကို ပြည်တွင်း၌ အစမှအဆုံး အောင်မြင်အောင် ထုတ်လုပ်နိုင်မှသာလျှင် ကုန်ကျစရိတ်သက်သာစွာဖြင့် အရေအတွက်များများ သုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း၊ EV ကားများအား ပြည်တွင်း၌ပင် အစမှအဆုံး အောင်မြင်စွာထုတ်လုပ်နိုင်ရေး အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အပါအဝင် ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent