■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ် တို့ လာအိုနိုင်ငံဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေး

■ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ် တို့ လာအိုနိုင်ငံဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေး
Published 3 July 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် လာအိုနိုင်ငံဝန်ကြီးချုပ်တို့သည် ယနေ့(ဇူလိုင် ၃ ရက်)တွင် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် နှင့် လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးခင်မောင်စိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုနိုင်ငံဝန်ကြီးချုပ်နှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent