မြဝတီမြို့ ​ဒေါန​တောင်​ခြေအနီး အပန်း​​ဖြေအနားယူရာ ​ကွင်းက​လေး ​ချောင်းသာ၌ လာ​ရောက် လည်ပတ်သူများပြား

မြဝတီမြို့ ​ဒေါန​တောင်​ခြေအနီး အပန်း​​ဖြေအနားယူရာ ​ကွင်းက​လေး ​ချောင်းသာ၌ လာ​ရောက် လည်ပတ်သူများပြား
Published 28 June 2026

ကရင်ပြည်နယ်၊မြဝတီမြို့ အ​နောက်​တောင်ဘက် ရှိ ​ဒေါန​တောင်​ခြေ အနီးက  ကွင်းက​လေးရွာသွားလမ်း​​ဘေးက ထိမူထ ​ချောင်းတွင်  "ကွင်းက​လေး​ချောင်းသာ"အဖြစ် အနားယူ အပန်း​ဖြေရန်​နေရာသစ် အဖြစ် ​ဖော်​ဆောင်လျှက်ရှိရာ ဇွန်လ ဒုတိယ ပါတ်မှစ၍ လာ​ရောက်လည်ပတ်သူ များပြား စည်ကားလျက်ရှိ​ကြောင်း သိရသည်။

ယခင်နှစ်က စစ်​ရေးပဋိပက္ခ​နယ်​မြေအဖြစ် လူအသွားအလာ မရှိ ဘဲ​တော ခြုံထူထပ်​နေ​သော  အဆိုပါ ​နေရာတွင်  ​ဒေသတွင်း တည်ငြိမ် ​အေးချမ်းလာမှုနှင့်အတူ ကရင်ပြည်နယ် သာသန နုဂ္ဂဟအသင်း ဥက္ကဋ္ဌ၊ ဘာသာ​ပေါင်းစုံ ချစ်ကြည်​ ​ရေး နာယက ဦး​​စောမုတ်သုန်က  သပ်ရပ်လှပ​သော အပန်​ဖြေ အနားယူရာ​ နေရာသစ်အဖြစ် ​ပြောင်း လဲ​ဖော်​ဆောင်လာခြင်း ဖြစ်သည်။

​တောင်ကျ​ချောင်း​ရေ ကြည်လင်​အေးမြပြီး သဲနုန်း မရှိခြင်းကလည်း လာ​ရောက် လည်ပတ် ​ရေကစားသူများကို ပိုမိုနှစ်သက်စေသည်ဟုသိရသည်။ ကားထားရလွယ်ကူခြင်း၊ဆိုင်ကယ်စတန်းများနှင့် အကင်၊အ​ထောင်း စားစရာ ဆိုင်များလည်း ဖွင့်လှစ်​ရောက်ချလျက်ရှိသည်။ လတ်တ​လောတွင် အခမဲ့ဝန်​ဆောင်မှု ပေးလျက်ရှိပြီး အ​ပျော်တမ်း မြင်းစီးလျှင်လည်း တစ်ပါတ်စီးလျှင် ၅၀၀၀ ကျပ်ဟုသိရသည်။

“ မိသားစုအလိုက် လာ​ရောက် လည်ပတ် အနာယူ​နေသူတစ်ဦးက" လိုင်း​ပေါ်မှာ​တွေ့လို့လာခဲ့ကြတာပါ၊ဒီ​ရောက်​တော့ အရမ်းစိတ်ချမ်းသာရပါတယ်။ရေကလည်းကြည်တယ်၊ ​ ​တော ​တောင် သဘာဝ အလှအပ သစ်ပင်ရိတ်​တွေ နဲ့ ​အေးချမ်း​နေ​ရော၊ ​နယ်​မြေ ထာဝရ ငြိမ်းချမ်း​နေဖို့ကိုပဲ ဆု​တောင်းပါတယ်"ဟု​ပြောကြားခဲ့သည်။

မြဝတီမြို့ ​တောင်ဘက်ခြမ်း ​သောင်ရင်းမြစ်တွင် အပန်း​ဖြေ အနားယူရာ ​နေရာ အများအပြားရှိ​သော်လည်း ယခုနှစ်​ ပေါ်​ပေါက်လာ​သော ကွင်းကလေး ​ချောင်းသာ ​​​နေရာ သစ်သို့ လာ​ရောက် လည်ပတ်အနားယူသူများပြားခြင်းမှာ နယ်​မြေ​အေးချမ်းမှု၊သွားလာရ လမ်း​ကောင်းမွန်လွယ်ကူမှု ​၊စိတ်ချမ်းသာမှုကိုအပြည်အဝ ခံစားရမှု​ကြောင့်ဟု ဆိုသည်။

Most Read

Most Recent