မန်ယူအသင်းဟာ ကင်မရွန်းလက်ရွေးစင်ဂိုးသမား အိုနာနာကို ထရက်ဇွန်စပေါ်အသင်းထံ အငှားထပ်ချနိုင်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
မန်ယူအသင်းဟာ အိုနာနာကို ၂၀၂၃ နွေရာသီမှာ အင်တာမီလန်အသင်းထံက ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၃.၈ သန်းနဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ပထမဆုံးနှစ်ရာသီမှာ အသင်းရဲ့ အဓိကဂိုးသမားအဖြစ် နေရာပေးခဲ့ပေမဲ့ အမှားများလာတာကြောင့် ၂၀၂၅ နွေရာသီမှာ ထရက်ဇွန်စပေါ်အသင်းထံ အငှားချခဲ့တာပါ။
အိုနာနာဟာ လက်ရှိအချိန်မှာ အငှားစာချုပ်သက်တမ်းကုန်သွားပြီဖြစ်လို့ မန်ယူအသင်းထံ ပြန်ရောက်လာပြီဖြစ်ပေမဲ့ နည်းပြ ကာရစ်ရဲ့ ရာသီသစ်စီမံကိန်းမှာ ပါဝင်ခြင်းမရှိတဲ့အတွက် ထပ်မံအငှားချဖို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထရက်ဇွန်စပေါ်အသင်းကလည်း အိုနာနာကို အငှားထပ်ခေါ်ဖို့ ဆန္ဒရှိတဲ့အတွက် သဘောတူညီမှုရရှိဖို့ နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
မန်ယူအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ အိုနာနာ(၃၀ နှစ်)ကို ထရက်ဇွန်စပေါ်အသင်းက ဒီတစ်ကြိမ် အငှားစာချုပ်သက်တမ်းပြည့်ရင် အပြီးသတ်ခေါ်ယူဖွယ်ရှိကြောင်းလည်း သိရပါတယ်။
မန်ယူအသင်း ဂိုးသမား အိုနာနာကို ထရက်ဇွန်စပေါ်အသင်းထံ အငှားထပ်ချနိုင်ဖို့ နီးစပ်နေ
Most Read
Most Recent
3 hours ago















