ရာသီကြိုကာလမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်(၅)ပွဲကို ချယ်လ်ဆီးအသင်း အတည်ပြုထုတ်ပြန်

ရာသီကြိုကာလမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်(၅)ပွဲကို ချယ်လ်ဆီးအသင်း အတည်ပြုထုတ်ပြန်
Photo: X
Photo: X
Published 24 June 2026

ချယ်လ်ဆီးအသင်းက လာမယ့်ရာသီကြိုကာလမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်(၅)ပွဲကို အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

ချယ်လ်ဆီးအသင်းက သြစတြေးလျ၊ ဟောင်ကောင်၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ခြေစမ်းပွဲတွေ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားတာဖြစ်ပြီး ရာသီကြိုခြေစမ်းပြိုင်ပွဲတစ်ခုလည်း ပါဝင်မယ်လို့ သိရပါတယ်။

အဲဒီပြိုင်ပွဲကတော့ သြစတြေးလျနိုင်ငံမှာ ဒုတိယအကြိမ်ကျင်းပမယ့် 2026 Sydney Super Cup ပြိုင်ပွဲဖြစ်ပြီး ချယ်လ်ဆီး၊ စပါး၊ ဆစ်ဒနီ FC နဲ့ ဝက်စ်တန်းဆစ်ဒနီဝမ်းဒါးရားစ်အသင်းတို့ ယှဉ်ပြိုင်ကြမှာပါ။

ချယ်လ်ဆီးအသင်းက ဝက်စ်တန်းဆစ်ဒနီဝမ်းဒါးရားစ်နဲ့ ဇူလိုင်(၂၈)နဲ့၊ စပါးနဲ့ သြဂုတ်(၁)မှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။

အဲဒီနောက် သြဂုတ်(၅)ရက်နေ့မှာ ဂျူဗင်တပ်စ်နဲ့ ဟောင်ကောင်မှာ ခြေစမ်းကစားမှာဖြစ်ပြီး သြဂုတ်(၈)ရက်နေ့ အင်ဒိုနီးရှားမှာ အေစီမီလန်၊ သြဂုတ်(၉)ရက်နေ့ မလေးရှားမှာ မလေးရှားစူပါလိဂ်ကလပ် Johor Darul Ta'Zim အသင်းနဲ့ ခြေစမ်းကစားမယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းက အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ထားပြီး ဇူလိုင်(၁)ရက်မှာ အသင်းနဲ့ စတင်ပူးပေါင်းမှာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent