၀ါရင့်ဂိုးသမား အိုချိုအာကို ချက်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ပေးဖို့ မက္ကဆီကိုအသင်းဖော်တွေ ထောက်ခံ

၀ါရင့်ဂိုးသမား အိုချိုအာကို ချက်နဲ့ပွဲမှာ ပွဲထွက်ကစားခွင့်ပေးဖို့ မက္ကဆီကိုအသင်းဖော်တွေ ထောက်ခံ
Photo: X
Photo: X
Published 24 June 2026

မက္ကဆီကိုလက်ရွေးစင်ကစားသမားတွေက ၀ါရင့်ဂိုးသမား အိုချိုအာကို ချက်နဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲမှာ ပွဲထွက်ကစားခွင့်ပေးဖို့ ထောက်ခံခဲ့ကြကြောင်း သိရပါတယ်။

အသက်(၄၀)ရှိပြီဖြစ်တဲ့ အိုချိုအာဟာ မက်ဆီနဲ့ စီရော်နယ်လ်ဒိုတို့နည်းတူ ကမ္ဘာဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိသူဖြစ်ပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရန်ဂိုးသမားအဖြစ်သာ ရပ်တည်နေရပါတယ်။

လက်ရှိအချိန်မှာ မက္ကဆီကိုအသင်းက အုပ်စုပွဲစဉ် (၂)ပွဲကစားအပြီးမှာပဲ အုပ်စုပထမနေရာနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီဖြစ်တာကြောင့် နည်းပြ အဂွီရီးက ချက်နဲ့ ယှဉ်ပြိုင်ရမယ့် အုပ်စုနောက်ဆုံးပွဲမှာ အိုချိုအာကို အခွင့်အရေးပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဒါကြောင့် မက္ကဆီကိုအသင်းဖော်တွေကလည်း အိုချိုအာအနေနဲ့ ဒီလိုအခွင့်အရေးမျိုးရသင့်ကြောင်း ထောက်ခံပြောကြားခဲ့ကြတာပါ။

အိုချိုအာက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ကစားသမားဘဝက အနားယူတော့မှာဖြစ်ကြောင်း အတည်ပြုထားတာကြောင့် ချက်နဲ့ပွဲက ပရိသတ်တွေကို ကွင်းထဲကနေ နှုတ်ဆက်ခွင့်ရတဲ့ပွဲ ဖြစ်လာဖွယ်ရှိကြောင်းလည်း သိရပါတယ်။

အိုချိုအာက ကမ္ဘာ့ဖလားပြိုင်ပွဲကို (၆)ကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရရှိလာပေမဲ့ ၂၀၀၆ ကမ္ဘာ့ဖလားနဲ့ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာတော့ အရန်ဂိုးသမားအဖြစ်သာ ရပ်တည်ခဲ့ရတာကြောင့် ကစားခွင့်မရခဲ့ကြောင်း သိရပါတယ်။

 

Most Read

Most Recent