ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုတွင် ရေလွမ်းမိုးမှု အချို့ဖြစ်ပွား

ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုတွင် ရေလွမ်းမိုးမှု အချို့ဖြစ်ပွား
Published 23 June 2026

ကချင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့နယ်ငါးခုတွင် ရေလွမ်းမိုးမှုှှု အချို့ဖြစ်ပွားခဲ့ကြောင်း ဇွန် ၂၂ ရက်က ဒေသခံများက ဆိုသည်။

လက်ရှိတွင် မိုးညှင်းမြို့ နယ် ဒေသအချို့၊ ဟိုင်မြို့ အစိတ်အပိုင်းအချို့၊နမ္မတီးမြို့ အစိတ်အပိုင်း အချို့၊မိုးကောင်းမြို့ နှင့် ဖားကန့်မြို့ပေါ် ရပ်ကွက်အချို့မှာ ရေလွှမ်းနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း တွေ့ရသည်။

မိုးကောင်းမြို့ရှိ နန့်တိန်းချောင်းနှင့် နန့်ရင်းချောင်းများမှာ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး လူဦး‌တစ်သောင်းအထက် ရွေ့ပြောင်းနေရကြောင်း ကယ်ဆယေ်ရေးလုပ်ငန်း အဖွဲများက ပြောကြားသည်။

ဖားကန့်မြို့ ဉရုချောင်းရေကြီးပြီး မြို့ပေါ်ရပ်ကွက်များ ရေဝင်ရောက်ပြီး ချောင်းလက်တက်များမှာ ချောင်းရှင်းလင်းရေး သေချာမလုပ်နိုင်လို့ ဒီနှစ်မှာ ယခင်နှစ်ကထက် ရေပိုကြီးနေကြောင်း ဒေသခံများက ဆိုသည်။

ဖားကန့်ဒေသခံ သတင်းသမားတစ်ဦးက မိုးတစ်ပတ်ကျော် ဆက်တိုက်ရွာနေကြောင်း၊ အနိမ့်ပိုင်းအိမ် တွေ ‌ချောင်းရေဝင်နေပြီး စားနပ်ရိက္ခာ အခက်တွေ့နေကြောင်း၊ ကူညီသူများရှိသော်လည်း လိုအပ်ချက်က များနေကြောင်း ယင်း၏လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

အခြားမြို့ရွာများတွင်လည်း ရေလွှမ်းမိုးမှုများ၊လမ်းပိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အင်းတော်ကြီး ဒေသတွင် လယ်မြေတိုက်စားခံရမှု၊ လယ်မြေများ ရွံနွံဖုံးလွှမ်းခံရမှုများ ဆက်တိုက် ဖြစ်ပေါ်‌နေကြောင်း တွေ့ရသည်။

Photo-CJ

Most Read

Most Recent