ဧရာဝတီနှင့် တနသ်ာရီကမ်းလွန်ပင်လယ်ပြင်တို့တွင် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိပြီး လုပ်ကွက်နှစ်ခု​ပေါင်း ၁၀၆ ထရီလီယံ ကုဗပေအထိ ထွက်ရှိနိုင်မည်ဟုခန့်မှန်းထား

ဧရာဝတီနှင့် တနသ်ာရီကမ်းလွန်ပင်လယ်ပြင်တို့တွင် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိပြီး လုပ်ကွက်နှစ်ခု​ပေါင်း ၁၀၆ ထရီလီယံ ကုဗပေအထိ ထွက်ရှိနိုင်မည်ဟုခန့်မှန်းထား
Published 14 June 2026

ဧရာဝတီနှင့် တနသ်ာရီကမ်းလွန်ပင်လယ်ပြင်တို့တွင် အလားအလာကောင်းမွန်သည့် သဘာဝဓာတ်ငွေ့သိုက်များ ရှာဖွေတွေ့ရှိပြီး လုပ်ကွက်နှစ်ခု​ပေါင်း ၁၀၆ ထရီလီယံ ကုဗပေအထိ ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း

 နိုင်ငံ​တောင်သမ္မတရုံး သတင်းနှင့်ပြန်ကြား​ရေးဗျူရို၏ ​ဖော်ပြမှုအချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့များကို မြန်မာ့ကမ်းလွန်စီမံကိန်းများမှ ထုတ်ယူလျက်ရှိပြီး လက်ရှိထုတ်လုပ်နေသည့် စီမံကိန်းများတည်ရှိနေသော ရေတိမ်ပိုင်း ကမ်းလွန်ဒေသများအပြင် ရေနက်ပိုင်းကမ်းလွန်ဒေသများတွင်လည်း ကြီးမားသော သဘာဝဓာတ်ငွေ့ ခိုအောင်းမှုများရှိနေသည်ဟု ဘူမိဗေဒသပညာရှင်များက ပင်လယ်ရေအောက်တွင် တည်ရှိနေသည့် သဲကြောများအား 3D Seismic ပြုလုပ်၍ရရှိလာသည့် အချက်အလက်များနှင့် စမ်းသပ်တူးဖော်ခဲ့သော ရှာဖွေရေးတွင်းများ၏ရလဒ်များကို အခြေပြု၍ အတည်ပြုကြ​ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ကမ်းလွန်စီမံကိန်း​လေးခုကို ဖော်ဆောင်နိုင်ခဲ့သည့်အတွက် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၊ ဓာတ် မြေဩဇာထုတ်လုပ်မှုအပါအဝင် စက်မှုကုန်ထုတ်လုပ်ငန်းများတွင် သဘာဝ ဓာတ်ငွေ့ များကို အသုံးပြုလျက်ရှိရာ နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုလျက်ရှိ​ကြောင်း သိရသည်။

ယခုအခါစီမံကိန်းအသစ် ​လေးခုကို ထပ်မံဖော်ဆောင်နိုင်ရန် စီမံဆောင်ရွက် လျက်ရှိနေပြီး ယင်းစီမံကိန်း​လေးခုအနက် ဧရာဝတီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းနှင့် တနင်္သာရီကမ်းလွန်ဒေသတွင် ဖော်ဆောင်နေသည့် စီမံကိန်းတို့သည် ဓာတ်ငွေ့သိုက်ပမာဏကြီးမားပြီး အလားအလာကောင်းသော စီမံကိန်းများ ဖြစ်​ကြောင်း သိရသည်။

 ဧရာဝတီကမ်းလွန်ဒေသလုပ်ကွက် စီမံကိန်းသည် ဧရာတီကမ်းလွန်ဒေသ ရေနက်ကမ်းလွန်ပိုင်းတွင်တည်ရှိပြီး အစမ်းတွင်းနှင့် အတည်ပြုတွင်းများ တူးဖော်၍ ရာနှုန်းပြည့်သေချာမှုရှိသည့် သဘာဝဓာတ်ငွေ့ ၁၄ ထရီလီယံ ကုဗပေအထိ ထွက်ရှိရန် အလားအလာရှိသော ဓာတ်ငွေ့သိုက်ဖြစ်ပြီး စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လုပ်ငန်းစဉ်များဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီကမ်းလွန်ဒေသလုပ်ကွက်သည် တနင်္သာရီကမ်းလွန်ဒေသ ရေနက် ကမ်းလွန်ပိုင်းတွင် တည်ရှိပြီး သဘာဝဓာတ်ငွေ့သိုက်ဟု အတည်ပြုထားပြီး သေချာမှု ၉၀ ရာခိုင်နှုန်း(P 90) ပမာဏ ၉၅ ထရီလီယံကုဗပေခန့်ရှိ​ကြောင်း သိရသည်။

သို့ဖြစ်၍ အစမ်းတွင်းများ ဆက်လက်တူးဖော်မည်ဖြစ်ရာ ဓာတ်ငွေ့ခိုအောင်းနေမှုပမာဏအား တိကျ သေချာစွာသိရှိပါက စီးပွားဖြစ်တူးဖော်ထုတ်လုပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

Most Read

Most Recent