Facebook နှင့်အတူ အသုံးပြုရသည့် Messenger Application Error ဖြစ်ပေါ်

Facebook နှင့်အတူ အသုံးပြုရသည့် Messenger Application Error ဖြစ်ပေါ်
Published 12 June 2026

Facebook နှင့်အတူ အသုံးပြုရသည့် Messenger Application ဇွန် ၁၂ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်မှစ၍ Error ဖြစ်ပေါ်ကြောင်း သိရသည်။

"ကျွန်တော် Messenger မှာ စာပို့နေရင်း ရုတ်တရက် Logout ထွက်ပြီး Login ပြန်ဝင်ခိုင်းနေတယ်။ ဘာဖြစ်တာလဲဆိုပြီး Login ခနခန ဝင်ကြည့်လည်း မရဘူး။ ကိုယ်တစ်ယောက်ထဲ ဖြစ်တာလားဆိုပြီး ကျွန်တော်နဲ့ စာပို့နေတဲ့သူကို ဖုန်းဆက်မေးကြည့်မှ သူလည်း Logout ထွက်သွားတယ်လို့ ပြောတယ်" ဟု Messenger အသုံးပြုသူတစ်ဦးက ပြောကြားသည်။

Messenger Application Error ဖြစ်ပေါ်နေခြင်းသည် Facebook သုံးစွဲသူတိုင်း ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ Mobile Phone တွင် Facebook အသုံးပြု၍ရပြီး Computer များတွင် ည ၈ နာရီ ၅၅ မိနစ်မတိုင်ခင်အထိ Facebook ပါ အသုံးပြု၍ မရဘဲ Error ဖြစ်ပေါ်ခဲ့ကြောင်း၊ လက်ရှိ ည ၈ နာရီ ၅၅ မိနစ်ခန့်မှစ၍ Computer များ၌ ပြန်လည်အသုံးပြု၍ရနေပြီး Moblile Phone များတွင်မှု Messenger ပြန်လည် Login ဝင်၍ မရသေးကြောင်း သိရသည်။

Most Read

Most Recent