ရန်ကုန်-ပဲခူးလမ်းမပေါ်တွင် ၂၂ ဘီးယာဉ်အား အချိုရည်များတင်လာသည့် Canter ၆ ဘီးယာဉ်က နောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံး

ရန်ကုန်-ပဲခူးလမ်းမပေါ်တွင် ၂၂ ဘီးယာဉ်အား အချိုရည်များတင်လာသည့် Canter ၆ ဘီးယာဉ်က နောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦးသေဆုံး
Published 11 June 2026

ရန်ကုန်-ပဲခူးလမ်းမပေါ်တွင် (၂၂)ဘီးယာဉ်အား အချိုရည်များတင်လာသည့် Canter (၆)ဘီး ကုန်တင်ယာဉ်က နောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပြီး Canter(၆)ဘီး ကုန်တင်ယာဉ်မှ အမျိုးသားနှစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

ဇွန် ၁၁ ရက် နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ (၁၀)မိုင်ဂုံးအကျော်၊ ရန်ကုန်-ပဲခူးလမ်းမပေါ်တွင် NISSAN MITSUBISHI အပြာရောင်(၂၂)ဘီးယာဉ်အား အချိုရည်များတင်လာသော Canter(၆)ဘီး ကုန်တင်ယာဉ်သည် နောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Canter (၆)ဘီး ကုန်တင်ယာဉ်မှ အမျိုးသားနှစ်ဦး သေဆုံးခဲ့သဖြင့် ၎င်းတို့အား မေတ္တာရွှေစင်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။

ထိုသို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent