ဂျပန်နိုင်ငံ တိုကျိုမြို့အနောက်မြောက်ပိုင်းတွင် တရားမဝင်ဆောက်လုပ်ထားသည့် ဗလီတစ်ခုကို ဖျက်သိမ်းရန် အတည်ပြုထားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါဗလီကို ဂျပန်နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးက ဖွင့်လှစ်ပေးခဲ့ပြီးနောက် စစ်ဆေးခံခဲ့ရသည်။
အဆိုပါ Remadan Grand ဗလီကို ဆိုင်တားမားစီရင်စု ကာဝါဂိုအီမြို့၏ မြို့ပြချဲ့ထွင်မှု ထိန်းချုပ်ရေးဇုန်အတွင်းရှိ တောတောင်အဖြစ် သတ်မှတ်ထားသည့် ကျေးလက်ဒေသ ၄၅၀၀ စတုရန်းမီတာ ကျယ်ဝန်းသည့် မြေကွက်လွတ်ပေါ်တွင် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ဗလီဝတ်၏ ဓာတ်ပုံများတွင် ကျေးလက်ဒေသရှိ စိမ်းလန်းကျယ်ပြောလှသော ကွင်းပြင်ကြီးတစ်ခု၏ အလယ်တွင် အဖြူရောင် အမိုးခုံးပုံစံ အဆောက်အအုံကြီးတစ်ခု ထင်ထင်ရှားရှား မတ်တပ်ရပ် တည်ရှိနေသည်ကို မြင်တွေ့ရပါတယ်။
ကာဝါဂိုအီ မြို့တော်ဝန် ဟတ်ဆုအဲ မိုရီတာက မြို့တော်အနေဖြင့် လက်ရှိအခြေအနေကို သည်းခံမည်မဟုတ်ကြောင်း ယခုသီတင်းပတ်အတွင်း ပြောကြားခဲ့ပြီး ထိုကိစ္စကို အမြန်ဆုံး ဖြေရှင်းရန်လုပ်ဆောင်နေသည်ဟု ဆိုသည်။
“ဒါဟ မြို့ပြဖွံ့ဖြိုးတိုးတက်မှု ထိန်းချုပ်ရေးဇုန်အတွင်း ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ တရားမဝင် အဆောက်အအုံဖြစ်တာကြောင့် လက်ရှိအခြေအနေကို သည်းခံမှာ မဟုတ်ဘူးဆိုတဲ့ မူဝါဒအောက်မှာ ကျွန်မတို့ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း Senkei သတင်းစာက ဖော်ပြခဲ့သည်။
“ကျွန်မတို့အနေနဲ့ ဒီအဆောက်အအုံကို အမြန်ဆုံး ဖျက်သိမ်းစေချင်ပြီး သူတို့ကို ဘယ်လိုမျိုး အရေးယူသွားမလဲဆိုတာကို စဉ်းစားနေပါတယ်” ဟု မိုရီတာက ပြောကြားခဲ့သည်။
ထိုအမှုသည် မကြာသေးမီနှစ်များအတွင်း ဂျပန်နိုင်ငံရှိ ဗလီတစ်ခုနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်အကောင်းဆုံး မြို့ပြစီမံကိန်းဆိုင်ရာ ပဋိပက္ခတစ်ခုဖြစ်လာခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံ၌ ပိုမိုများပြားလာသည့် မွတ်ဆလင်လူဦးရေအခြေအနေနှင့် ဒေသန္တရ မြို့ပြစီမံကိန်း စည်းကမ်းများကြား ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို မျှတအောင်မည်ကဲ့သို့ ထိန်းညှိရမည်ဆိုသည့် စိန်ခေါ်မှုများကိုလည်း လူထုက ပိုမိုအာရုံစိုက်လာစေခဲ့သည်။
မြို့တော်တာဝန်ရှိသူများ၏ ပြောကြားချက်အရ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဒေသခံများက သံကိုယ်ထည်အဆောက်အအုံ တစ်ခုဆောက်လုပ်နေကြောင်း တိုင်ကြားခဲ့ပြီးနောက်ပိုင်းတွင် ထိုစီမံကိန်းကို ပထမဆုံး စတင်သတိပြုမိခဲ့သည်ဟုဆိုသည်။
စစ်ဆေးရေးအရာရှိများ သွားရောက်ကြည့်ရှုချိန်တွင်မူ အဆောက်အအုံ၏ အပြင်ပိုင်းသည် ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်သည်။ အာဏာပိုင်များက ထိုအဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းအတွက် မည်သူ့တွင်တာဝန်ရှိသည်ဆိုခြင်းကို အတည်ပြုရန် ကြိုးပမ်းခဲ့သော်လည်း အခက်အခဲများနှင့် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။
အိမ်နီးချင်း ဖူဂျီမီမြို့မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သည့် မြေပိုင်ရှင်ကမူ ထိုမြေနေရာကို ရောင်းချခဲ့ပြီးဖြစ်ကြောင်း အရာရှိများကို ပြောကြားခဲ့ပြီး ဝယ်ယူသူ၏ အမည်ကို ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ခဲ့သည်ဟုဆိုသည်။
ထို့ပြင် အရာရှိများသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ နိုင်ငံခြားသား အလုပ်သမားများကို မေးမြန်းခဲ့သော်လည်း ဘာသာစကားအခက်အခဲကြောင့် ထိုအလုပ်ကို မည်သူကအပ်နှံပြီး မည်သူက ဆောက်လုပ်ခဲ့သည်ဆိုခြင်းကို အတည်မပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းရန်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် မတ်လတွင် ထိုမြေကွက်၏ ပိုင်ဆိုင်မှုမှာ အခြားသူတစ်ဦးထံသို့ ပြောင်းလဲသွားခဲ့ဟု Asahi Shimdun သတင်းစာက ဖော်ပြခဲ့သည်။
Ref:Independent















