ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်​ကြောင့် သေဆုံးသူ ၁၀ ဦးအထက်ရှိလာပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ဖြစ်လာ

ဖိလစ်ပိုင်တွင် အင်အားပြင်းငလျင်​ကြောင့် သေဆုံးသူ ၁၀ ဦးအထက်ရှိလာပြီး ဒဏ်ရာရသူ ၁၀၀ ကျော်ဖြစ်လာ
Published 8 June 2026
Ref: BBC

ဖိလစ်ပိုင်နိုင်ငံတွင် ဇွန် ၈ ရက်နံနက်ပိုင်းက လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၈ ရှိ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦး​ရေ အနည်းဆုံး ၁၉ ဦး ရှိလာပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရသူ ၁၃၄ ဦး ရှိကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သော်လည်း လက်ရှိတွင် ယင်းသတိပေးချက်အများစုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒ သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာတွင်လည်း ဖိလစ်ပိုင်ရှိ ဗစ်ဆာယပ်စ်ဒေသတွင် ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ လူပေါင်း ၇၀ ကျော် သေဆုံးခဲ့သည်။

ယခုငလျင်လှုပ်ခတ်မှုကို ငလျင်ဗဟိုချက်မှ ၁၂၄ မိုင်ကျော် ကွာဝေးသည့် အင်ဒိုနီးရှားနိုင်ငံ မြောက်ပိုင်းဆူလာဝေစီပြည်နယ်တွင်လည်း ခံစားခဲ့ရပြီး အပျက်အစီးများရှိခဲ့သည်။

 

Photos: SCMP / AFP / Reuters / EPA

Most Read

Most Recent