ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးနှင့် ရုရှားသမ္မတဗလာဒီမာပူတို့ တွေ့ဆုံမည့်အလားအလာသည် အလွန်ကောင်းမွန်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မှတ်ချက်ပေး

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးနှင့် ရုရှားသမ္မတဗလာဒီမာပူတို့ တွေ့ဆုံမည့်အလားအလာသည် အလွန်ကောင်းမွန်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် မှတ်ချက်ပေး
Published 5 June 2026

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက မျက်နှာချင်းဆိုင် ဆွေးနွေးမှုများကို ပြုလုပ်လိုကြောင်း အဆိုပြုလိုက်ပြီးနောက်  ရုရှားသမ္မတဗလာဒီမာပူတင်ကို တွေ့ဆုံခြင်းသည် ဗိုလိုဒီမာဇယ်လန်းစကီးအတွက် အလွန်ပင် ကောင်းမွန်လိမ့်မည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ဇွန် ၄ ရက်တွင် ပြောကြားလိုက်သည်ဆိုသော်လည်း နှစ်ဖက်စလုံးက အလျှော့ပေးမှုများ ပြုလုပ်ရလိမ့်မည်ဟု ဆိုသည်။

“သူတို့က တွေ့ဆုံမယ့်အလားအလာကို ပြောဆိုနေတာအတွက် ကျွန်တော်ကတော့ ဝမ်သားပါတယ်။ သူတို့နှစ်ဦးတွေ့မယ့်ကိစ္စအတွက် ကျွန်တော်တိို့ အများကြီး လုပ်ထားပြီးပြီလို့ထင်ပါတယ်” ဟု ထရန့်က သမ္မတရုံးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“သူတို့ တွေ့ဆုံကြမယ်ဆိုရင်တော့ အဲဒါဟာ တော်တော်ကောင်းမယ်လို့ ထင်ပါတယ်။ သူတို့အနေနဲ့အဲဒီကိစ္စအဆင်ပြေအောင် လုပ်သင့်ပါတယ်” ဟု အမေရိကန်သမ္မတက သတင်းထောက်များကို ပြောကြားခဲ့သည်။

လွန်ခဲ့သောနှစ်က သမ္မတရုံးတွင် ဇယ်လန်းစကီးကို ဒေါသတကြီးဝေဖန်ပြောဆိုခဲ့သည့်အတွက် ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသော ထရန့်က အလာစကာတွင် ပူတင်နှင့် တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ထရန့်က ၎င်းသမ္မတဖြစ်ပြီး ရက်ပိုင်းအတွင်း ယူကရိန်းစစ်ပွဲပြီးသွားစေရမည်ဟု ပြောကြားထားသည်။

သူက စစ်ပွဲပြီးဆုံးရေးအတွက် နှစ်ဖက်စလုံးကို တွန်းအားပေးခဲ့သည်ဆိုသော်လည်း  သူအာရုံစိုက်နေသည့်အရာမှာ လွန်ခဲ့သော သုံးလကျော်တွင် အမေရိကန်-အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကိုစစ်ပွဲ ဆင်နွှဲခဲ့သည့် ကိစ္စသာဖြစ်နေသည်။

“သူတို့က အပေးအယူတော့ လုပ်ကြရမှာပါ။ အဲဒီအပေးအယူကိစ္စတွေကို ကျွန်တော်အကြံပြုထားပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ကျွန်တော်တို့ အများကြီးလုပ်ခဲ့ရတာပါ” ဟု ထရန့်က မည်သူ့ကိုမျှရည်ညွှန်းခြင်းမရှိဘဲ ယူကရိန်း၊ ရုရှားအကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

ယူကရိန်း၏တိုက်ခိုက်မှုများကို တန်ပြန်ရေးအတွက် ရုရှားသည် မိမိ၏လေကြောင်းကာကွယ်ရေးကို အားကောင်းအောင်လုပ်ရမည်ဟု ဇွန် ၄ ရက်တွင် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။

Most Read

Most Recent