လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး နိုင်ငံ​တော်သမ္မတ၏ ​ပြော​ရေးဆိုခွင့်ရှိသူဖြစ်လာ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး နိုင်ငံ​တော်သမ္မတ၏ ​ပြော​ရေးဆိုခွင့်ရှိသူဖြစ်လာ
Published 4 June 2026

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး နိုင်ငံ​တော်သမ္မတ၏ ​ပြော​ရေးဆိုခွင့်ရှိသူဖြစ်လာသည်။

နိုင်ငံ​တော်သမ္မတဦးမင်း​အောင်လှိုင်၏ ​ပြော​ရေးဆိုခွင့်ရှိသူအဖြစ် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးအား ခန့်အပ်​ကြောင်း တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးမရှိ​သော်လည်း ဇွန် ၃ ရက်က အိန္ဒိယခရီးစဉ်မှ နိုင်ငံ​တော်သမ္မတပြန်လည်​ရောက်ရှိချိန်တွင် ​လေဆိပ်၌ ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးသည်  သတင်းမီဒီယာများနှင့်​တွေ့ဆုံပြီး နိုင်ငံ​တော်သမ္မတ၏ ​ပြော​ရေးဆိုခွင့်ရှိသူအဖြစ် ​ဖြေကြားမှုအချို့ ပြုလုပ်ခဲ့သည်ကို​ တွေ့ရသည်။

​ဒေါက်တာခိုင်ခိုင်စိုးသည်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အရာရှိတစ်ဦးဖြစ်ပြီး ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြား​ရေးမှုးချုပ်တာဝန်ထိ ထမ်း​ဆောင်ခဲ့ကာ လက်ရှိအစိုးရလက်ထက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်လာခြင်းဖြစ်သည်။

ထို့ပြင် ​ဒေါက်တာခိုင်ခိုင်စိုးသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် လူဦး​ရေနှင့် အိမ်အ​ကြောင်းအရာ သန်း​ခေါင်စာရင်း​ကောက်ယူခြင်း၊ စာရင်းဇယားများဆန်းစစ်ခြင်းနှင့် အစီရင်ခံစာများ ထုတ်ပြန်ခြင်းလုပ်ငန်းစဉ်များတွင်  ထိုစဉ်က ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြား​ရေးမှူးတာဝန်ဖြင့်

ဦး​ဆောင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ကာ လူဦး​ရေနှင့် အိမ်အ​ကြောင်းအရာ သန်း​ခေါင်စာရင်း​ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

​​ဒေါက်တာခိုင်ခိုင်စိုးသည် လူဦး​ရေ​အ​ကြောင်းအရာနှင့်ပတ်သည့်  လူဦး​ရေ​ဗေဒ(Demography)ဘာသာရပ်ဖြင့် 

ပါရဂူဘွဲ့(Ph.D)ကို ထိုင်းနိုင်ငံ၊ Mahidol Univetsity မှ ၂၀၀၉ ခုနှစ်တွင် ရရှိခဲ့ခြင်းဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent