■ ရွှေညောင်တွင် ခြောက်ဘီးယာဉ် နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့

■ ရွှေညောင်တွင် ခြောက်ဘီးယာဉ် နှင့် မော်တော်ဆိုင်ကယ်တို့ တိုက်မိကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့
Published 3 June 2026

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ‌ရွှေညောင်မြို့တွင် ခြောက်ဘီးယာဉ် နှင့် မော်တော်ဆိုင်ကယ် တို့ တိုက်မိကာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ထံမှ ကြား သိရသည်။

ရွှေညောင်မြို့ ဘူတာလမ်းဆုံအနီး သုခချမ်း သာရပ်ကွက် နီလာလမ်းတွင် သရက်သီး တင်ဆောင်လာသော ခြောက်ဘီးယာဉ် နှင့် အမျိုးသမီး(၃)ဦးစီးလာသောဆိုင်ကယ် တိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံးကြောင်းသိရှိရသည် ။

ဇွန်လ (၂)ရက်နေ့  ညနေ ၃ နာရီခွဲ အချိန်တွင် ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်၊ နီလာလမ်းအတိုင်း သရက်သီးများ တင်ဆောင် မောင်းနှင်လာသည့် ယာဉ်အမှတ် YGN---- (၆)ဘီးယာဉ်နှင့် ဘူတာလမ်းဘက်မှ မောင်းနှင်လာသော မသဒ္ဒါချို၊ မယွန်းပိုးအိမ်၊မလရိပ်ချိုတို့ လိုက်ပါစီးနင်းလာသည့် ဆိုင်ကယ်အမှတ် SHN----(Honda Click/ဖြူနက်ကြား) အား ဝင်ရောက်တိုက်မိခဲ့ရာ မသဒ္ဒါချို၊ မလရိပ်ချိုနှင့် မယွန်းပိုးအိမ်(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့်  ရွှေညောင်တိုက်နယ်ဆေးရုံမှတစ်ဆင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသနေစဉ်  မယွန်းပိုးအိမ်မှာ ရရှိဒဏ်ရာဖြင့် (ဇွန်လ- ၃) ရက်နေ့  နံနက် ၈ )နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည် ။    

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ (၆)ဘီးယာဉ် မောင်းနှင်သူ မင်းသူအား ရွှေညောင်ရဲစခန်း၌အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရှိရသည် ။

Most Read

Most Recent