နျူကလီးယားလက်နက်များ ထုတ်လုပ်မည်မဟုတ်ကြောင်း အီရန်က သဘောတူညီခဲ့သည်ဟု ထရန့် ပြောကြား

နျူကလီးယားလက်နက်များ ထုတ်လုပ်မည်မဟုတ်ကြောင်း အီရန်က သဘောတူညီခဲ့သည်ဟု ထရန့် ပြောကြား
Published 31 May 2026

အီရန်နိုင်ငံသည် နျူကလီးယားလက်နက်များထုတ်လုပ်မည်မဟုတ်ကြောင်း သဘောတူညီခဲ့သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ထရန့်သည် ပိုမိုတင်းကျပ်သည့် ငြိမ်းချမ်းရေးအဆိုပြုချက်အသစ်တစ်ခုကို အီရန်အစိုးရထံ ပေးပို့ခဲ့သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

ထရမ့်သည် အီရန်ဘက်က ထည့်သွင်းစဉ်းစားရန်အတွက် ပိုမိုတင်းကျပ်သော စည်းကမ်းချက်များပါဝင်သည့် မူဘောင်အသစ်တစ်ခုကို ပေးပို့ခဲ့သည်ဟု New York Times နှင့် Axios သတင်းဌာနတို့ကမေ ၂၀ ရက်တွင် ဖော်ပြခဲ့ကြသော်လည်း ယင်းစည်းကမ်းချက်များတွင် မည်သည့်အချက်အလက်များ အသေးစိတ်ပါဝင်သည်ဆိုခြင်းကိုမူ ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

မည်သည့်သဘောတူညီချက်တွင်မဆို ၎င်း၏ ဦးစားပေးလုပ်ငန်းစဉ်များ၌ အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်မှုမှန်သမျှကို ရပ်တန့်ရန်နှင့် ပိတ်ဆို့ခံထားရသော ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အချက်များ ပါဝင်ကြောင်း ထရန့်က ပြောကြားခဲ့သည်။

"ကျွန်တော် မဖြစ်မနေ ရရှိရမယ့် အာမခံချက်တစ်ခုကတော့ နျူကလီးယားလက်နက် လုံးဝမရှိစေဖို့ပါပဲ။ သူတို့ဘက်ကလည်း ဒါကို သဘောတူထားပြီးသားဖြစ်လို့ အတော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်" ဟု မေ ၂၀ ရက်က Fox News အစီအစဉ်တွင် ထုတ်လွှင့်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ထရန့်က ထည့်သွင်းပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent