ဒီရာသီမှာ တတိယနေရာရရှိခဲ့တာက အနာဂတ်အောင်မြင်မှုအတွက် မောင်းနှင်အားဖြစ်စေနိုင်တယ်လို့ ကာရစ် ပြောကြား

ဒီရာသီမှာ တတိယနေရာရရှိခဲ့တာက အနာဂတ်အောင်မြင်မှုအတွက် မောင်းနှင်အားဖြစ်စေနိုင်တယ်လို့ ကာရစ် ပြောကြား
Photo: X
Photo: X
Published 25 May 2026

မန်ယူနည်းပြ ကာရစ်က ဒီရာသီ ပရီးမီးယားလိဂ်မှာ တတိယနေရာ ရပ်တည်နိုင်ခဲ့တာက အနာဂတ်အောင်မြင်မှုအတွက် မောင်းနှင်အားဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ကာရစ်ဟာ မန်ယူအသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ စတင်ကိုင်တွယ်ခဲ့ပြီး သူ တာဝန်ယူခဲ့ချိန်က အဆင့်(၆)နေရာမှာ ရှိနေခဲ့တာပါ။

ကာရစ်က မန်ယူအသင်းကို (၁၇)ပွဲ ကိုင်တွယ်ရာမှာ (၁၂)ပွဲနိုင်၊ (၃)ပွဲသရေ၊ (၂)ပွဲရှုံးခဲ့ပြီး သူ မန်ယူအသင်းကို ကိုင်တွယ်ချိန်က စတွက်ရင် ပရီးမီးယားလိဂ်မှာ အမှတ်အများဆုံးရယူနိုင်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့်လည်း ပွဲစဉ်တစ်ဝက်ပြည့်အောင် ကိုင်တွယ်ရခြင်းမရှိခဲ့ပေမဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တာဖြစ်ပြီး မန်ယူအသင်းကလည်း အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခဲ့တာပါ။

''ကျွန်တော်တို့ သန်မာစွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါကို ရှေ့ဆက်သယ်ဆောင်သွားချင်ပါတယ်။ ကျွန်တော်တို့ တကယ်အာရုံစိုက်ရမှာက ဒီအဆုံးသတ်ကို မဟုတ်ပါဘူး။ နောက်တစ်ဆင့်ကိုပါ။ ဒါက နောက်ရာသီအတွက် တည်ဆောက်သွားဖို့ ပလက်ဖောင်းတစ်ခုပါ'' လို့ ကာရစ်က ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ အဆင့်(၁၅)သာရရှိခဲ့တာကြောင့် ဒီရာသီမှာ ဥရောပပွဲ ကစားခွင့်မရခဲ့ဘဲ လာမယ့်ရာသီမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားရတော့မှာပါ။

Most Read

Most Recent