မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းကို ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ချန်ပီယံဆုနဲ့ ထိုက်တန်မှုရှိတယ်လို့လည်း ဆိုခဲ့ပါတယ်။
''ဂုဏ်ပြုပါတယ် အာဆင်နယ်။ မီခေးလ်၊ နည်းပြအဖွဲ့၊ ဝန်ထမ်းတွေနဲ့ ဒီပရီးမီးယားလိဂ်ချန်ပီယံရဲ့ ပရိသတ်တွေအားလုံးကို ဂုဏ်ပြုပါတယ်။ ဒါက ထိုက်တန်မှုရှိပါတယ်။ တစ်ချိန်တည်းမှာ ကျွန်တော့်ရဲ့နည်းပြဘဝတစ်လျှောက် မယုံနိုင်စရာတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအခိုက်အတန့်ကို ရောက်တဲ့အထိ ကျွန်တော်တို့ လုံးဝလက်မလျှော့ခဲ့တာကိုလည်း နှစ်သက်မိပါတယ်'' လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။
ဂွါဒီယိုလာဟာ ဒီရာသီမှာ နည်းပြဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးချန်ပီယံဆုနဲ့ နှစ်ရာသီဆက်တိုက် လွဲချော်ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂွါဒီယိုလာက ဘာစီလိုနာအသင်းကို (၄)ရာသီ ကိုင်တွယ်ခဲ့ရာမှာ (၃)ရာသီဆက် လာလီဂါချန်ပီယံဆု ရရှိခဲ့ပြီး နောက်ဆုံးရာသီိမှာမှ လွဲချော်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့တဲ့ (၃)ရာသီစလုံးမှာတော့ ဘွန်ဒစ်လီဂါချန်ပီယံဆုကို ရာနှုန်းပြည့်ရယူနိုင်ခဲ့ပါတယ်။
မန်စီးတီးကို ကိုင်တွယ်ခဲ့တဲ့ (၁၀)ရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို (၆)ရာသီ ရယူနိုင်ခဲ့ပြီး ချန်ပီယံဆုနဲ့ နှစ်ရာသီဆက်တိုက် လွဲချော်ရတာ အခု ၂၀၂၄-၂၅ နဲ့ ၂၀၂၅-၂၆ မှာမှ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။















