စပါး - လိဒ်စ် (မေ ၁၂ ရက် နံနက် ၁း၃၀ နာရီ)
မနေ့ညက ပွဲစဉ်မှာ ဝက်စ်ဟမ်းအသင်း အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာကြောင့် လိဒ်စ်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ တန်းဆင်းအန္တရာယ်က လွတ်မြောက်သွားခဲ့ပြီး ဝက်စ်ဟမ်းနဲ့ စပါးတို့ပဲ အမှတ်လုရတော့မှာပါ။ ဒါကြောင့် ဒီပွဲမှာ လိဒ်စ်အသင်း အရင်ပွဲတွေလောက် အားထုတ်ကစားဖို့ မရှိတော့ပါဘူး။ စပါးအသင်းကတော့ အိမ်ကွင်းမှာ အမှတ်ပြည့်ရယူနိုင်အောင် ကြိုးစားရမှာပါ။ နည်းပြသစ် ဒီဇာဘီရဲ့ ဦးဆောင်မှုအောက်မှာ နိုင်ပွဲဆက်လာတဲ့ စပါးအသင်း အိမ်ကွင်းမှာ အနိုင်ကစားမှာ သေချာပါတယ်။
နာပိုလီ - ဘိုလော့ဂ်နာ (မေ ၁၂ ရက် နံနက် ၁း၁၅ နာရီ)
နာပိုလီက ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နီးစပ်နေတဲ့အသင်းဖြစ်ပြီး ဘိုလော့ဂ်နာက ဥရောပဝင်ခွင့်မျှော်လင့်ချက် မရှိတော့တာကြောင့် ရပ်တည်မှုမြင့်မားဖို့ပဲ ကြိုးစားရတော့မှာပါ။ နာပိုလီအသင်းက ဒုတိယနေရာ ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာကြောင့် အိမ်ကွင်းမှာ အမှတ်လျော့ခံမှာ မဟုတ်ပါဘူး။ နာပိုလီကိုပဲ ရွေးချယ်ချင်ပါတယ်။
အခြားပွဲ
ဗယ်လက်ကာနို - ဂျီရိုနာ *















