ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးနဲ့ နယူးကာဆယ်အသင်းတို့ဟာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနဲ့ လမ်းခွဲတော့မယ့် ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြကြောင်း သိရပါတယ်။
ဒါဝင်နူူးနက်ဇ်(၂၆ နှစ်)ဟာ ၂၀၂၅ နွေရာသီမှာ လီဗာပူးလ်ကနေ အယ်လ်ဟီလာအသင်းကို ယူရို(၅၃)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး (၂၄)ပွဲကစားကာ (၉)ဂိုး သွင်းယူပေးထားပါတယ်။
အယ်လ်ဟီလာအသင်းက ဘန်ဇီမာကို ခေါ်ယူခဲ့ပြီးနောက် ပြည်ပကစားသမားအရေအတွက် ကန့်သတ်ချက်အရ ဒါဝင်နူးနက်ဇ်ကို ဆော်ဒီလိဂ်လူစာရင်းက ထုတ်ပယ်ခဲ့သလို ရာသီကုန်ချိန်မှာ စာချုပ်ဖျက်သိမ်းဖို့လည်း သဘောတူညီမှုရရှိထားပြီဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရရှိနိုင်မယ့် ဒါဝင်နူးနက်ဇ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့က စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါဝင်နူးနက်ဇ်ဟာ လီဗာပူးလ်အသင်းမှာ (၃)ရာသီကြာ ယှဉ်ပြိုင်ကစားခဲ့စဉ်က ပြိုင်ပွဲစုံ (၁၄၃)ပွဲကစားကာ ဂိုး(၄၀) သွင်းယူခဲ့ကြောင်း သိရပါတယ်။















