ယူရိုပါလိဂ်ဗိုလ်လုပွဲကို မတူညီတဲ့ အသင်း(၄)သင်းနဲ့အတူ အူနိုင်းအမ်မရီ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့

ယူရိုပါလိဂ်ဗိုလ်လုပွဲကို မတူညီတဲ့ အသင်း(၄)သင်းနဲ့အတူ အူနိုင်းအမ်မရီ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခဲ့
Photo: X
Photo: X
Published 8 May 2026

အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲကို မတူညီတဲ့ ကလပ်အသင်း(၄)သင်းနဲ့အတူ (၆)ကြိမ်မြောက် တက်ရောက်နိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

စပိန်နည်းပြ အူနိုင်းအမ်မရီက ယူရိုပါလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု(၄)ကြိမ်ရရှိထားတဲ့ အအောင်မြင်ဆုံးနည်းပြဖြစ်ပြီး ယူရိုပါလိဂ်ဘုရင်အဖြစ် တင်စားခံထားရသူလည်း ဖြစ်ပါတယ်။

အူနိုင်းအမ်မရီက ဆီဗီလာ၊ အာဆင်နယ်၊ ဗီလာရီးယဲလ်၊ အခု အက်စတွန်ဗီလာတို့နဲ့အတူ ယူရိုပါလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းနဲ့ ရောက်ရှိခဲ့တဲ့ (၃)ကြိမ်စလုံး ချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ ဗီလာရီးယဲလ်နဲ့ ရောက်ရှိခဲ့တဲ့ တစ်ကြိမ်မှာလည်း ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ ရောက်ရှိခဲ့တဲ့ တစ်ကြိမ်မှာတော့ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

အူနိုင်းအမ်မရီဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံး(၁၃)ရာသီအတွင်းမှာ ဗိုလ်လုပွဲကို (၆)ကြိမ်တက်ရောက်နိုင်ခြင်းဖြစ်တာကြောင့် အံ့အားသင့်စရာကောင်းတဲ့ စွမ်းဆောင်ရည်မှတ်တမ်းဖြစ်ကြောင်း ချီးကျူးမှုတွေလည်း ရှိနေပါတယ်။

အူနိုင်းအမ်မရီက ၁၉၈၁-၈၂ ရာသီ ဥရောပဖလား(အခု ချန်ပီယံလိဂ်)မှာ ဗိုလ်စွဲပြီးနောက်ပိုင်း ဥရောပအောင်ပွဲနဲ့ ဝေးကွာနေတဲ့ အက်စတွန်ဗီလာအသင်းကို နှစ်ပေါင်း(၄၄)နှစ်အကြာမှာ ဥရောပအဆင့် ဗိုလ်လုပွဲတစ်ခုဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့တာပါ။

ဂျာမန်ကလပ် ဖရိုင်းဘတ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာအသင်း ချန်ပီယံဆုရရှိဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။

Most Read

Most Recent